ချင်းတွင်းမြစ်ကမ်းဘေးသပိတ်စစ်ကြောင်းနှင့် ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ကထိန်ပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၂၈
ချင်းတွင်းမြစ်ကမ်းဘေးသပိတ်စစ်ကြောင်းမှ တန်ဆောင်မုန်းလပြည့်နေ့တွင် ကထိန်ပြုလုပ်ခဲ့ပြီး
ကထိန်ပြုလုပ်ရာတွင် တော်လှန်ရေးအဆို အကများဖြင့်လည်း ပြည်သူများကို ဖျော်ဖြေတင်ဆက်ခဲ့ကာ ကထိန်မှရရှိလာသော အလှူငွေများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့စည်းတစ်ခုထံသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။