28 C
Yangon

ကိုးကန့်နှင့် ကျောက်မဲတွင် စစ်ကောင်စီတပ်စခန်း ၂ ခုကိုထပ်မံသိမ်းပိုက်ပြီး MNDAA က သိမ်းပိုက်ရရှိထားသော စစ်တပ်စခန်းပေါင်း ၁၇၈ ခုရှိလာ

Must read

ကိုးကန့်နှင့် ကျောက်မဲတွင် စစ်ကောင်စီတပ်စခန်း ၂ ခုကိုထပ်မံသိမ်းပိုက်ပြီး MNDAA က သိမ်းပိုက်ရရှိထားသော စစ်တပ်စခန်းပေါင်း ၁၇၈ ခုရှိလာ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်စခန်း ၂ ခုကိုထပ်မံသိမ်းပိုက်ပြီး MNDAA က သိမ်းပိုက်ရရှိထားသော စစ်တပ်စခန်းပေါင်း ၁၇၈ ခုရှိလာကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့တို့တွင် MNDAAနှင့် မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းပြီး ကိုးကန့်နှင့် ကျောက်မဲဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မူဆယ်မြိုု့နယ်၊ လုံခမ်း စစ်ကောင်စီတပ်စခန်းမှ ခလရ ၇၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာဝင်းကို ပစ်သတ်နိုင်ခဲ့ပြီး စစ်သားတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် MNDAAက လေကြောင်းပစ်ကူမှုဖြင့် တုန်းရှမ်းဒေသ မှတ်တိုင် ၁၂၇ ဓာတ်အားပေးစက်ရုံတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၇ မိနစ်အကြာ ယင်းနေ့ ညနေ‌ ၅ နာရီ ၄၇ မိနစ်အချိန် စခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၃၁ မိနစ် အချိန် MNDAA အင်အားတစ်စုနှင့် TNLA တို့ပူးပေါင်းပြီး ကျောက်မဲနှင့် လားရှိုး အကြားရှိ ခုတန်စေတီကုန်း High Pointတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ ခြေလျင်နှင့် ဒရုန်း ပူးပေါင်းစစ်ဆင်မှုရေးဖြင့် ယင်းနေ့ ည ၈နာရီအချိန်တွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် MNDAA က မူပန်(သိန္နီ)ခရိုင် ၊ မူပန်‌ဒေသ ၊ ဟိုပင်အုပ်စု ၊ မိုင်းတင်ရော်ဘာကုန်းနှင့် လက် ဖက် တောင်ကုန်းရှိ စစ်ကောင်စီစခန်းများကို ဒရုန်းဖြင့် ၇ ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article