27 C
Yangon

ပေါက်တောမြို့ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ပစ်ခတ်သောကြောင့် မြို့အတွင်း မီးလောင်နေ

Must read

ပေါက်တောမြို့ကို ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ပစ်ခတ်သောကြောင့် မြို့အတွင်း မီးလောင်နေ

ရန်ကုန်| နိုဝင်ဘာ ၂၈

ရခိုင်ပြည် ပေါက်တောမြို့ ကို ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ် ၁နာရီ မိနစ် ၂၀ မိနစ်ခန့် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး မြို့အတွင်း မီးလောင်နေကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

“၁ နာရီ ၁၈ မိနစ်နဲ့ ၂၀ ကြားမှာ တိုက်ခိုက်ရေးလေယာဉ် နှစ်စီးနဲ့ လာပစ်တာဗျ။ မြို့ပေါ်ကို လှမ်းပစ်တယ်။ ပထမတစ်ခေါက် တစ်စီးလာတယ်။ ဒုတိယတစ်ခေါက်လာတယ်။ ပေါက်တောမြို့ ရပ်ကွက် သုံးကို ကျတယ်။ မီးလောင်နေတာမြင်ရတယ်”ဟုပြောသည်။

ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ တိုက်ခိုက်ရေးလေယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခဲ့ခြင်းဖြစ်ပြီး မြို့အတွင်း အထိအခိုက် အပျက်စီးအခြေအနေများကို မသိရရှိကြောင်း ဒေသခံများက ပြောသည်။

နောက်ထပ် မျက်မြင်တစ်ဦးက “ထိခိုက်မှုအပျက်စီးကိုတော့ မသိရသေးဘူး။ တော်တော်မီးလောင်နေတာဗျ။ မြို့ထဲမှာလည်း လူတွေက သိပ် မရှိတော့ဘူးလို့ ထင်တာပဲ။ ညနေပိုင်ကျရင်တော့ နေဗီကနေ လက်နက်ကြီး မြို့ထဲကို ပစ်တယ်။ နှစ်ဖက်ပစ်ခတ်မှုလည်း ရှိတယ်”ဟုပြောသည်။

ပုံစာ- ယနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ဖြင့် လာရောက်ပစ်ခဲ့စဉ်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article