25 C
Yangon

ပလမြို့၊ တိုတောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာအနီးတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

ပလမြို့၊ တိုတောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာအနီးတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးရှိ တိုတောင်တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင် စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၁ နာရီခွဲခန့်ကပလမြို့၊ တိုတောင်ပေါ်၌ ကတုတ်ကျင်း၊ ဘန်ကာ များဖြင့် စနစ်တကျတည်ဆောက်ကာ အခိုင်အမာတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်း ကုန်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ၏ တည်နေရာကိုပင် ရှာဖွေနိုင်စွမ်းမရှိပဲ ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးသည်ကို မျက်မြင် တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ စနစ်တကျ ဖြင့် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ဖြတ်သန်းသွားလာသည့် အရပ်သားပြည်သူများကိုလည်း ရည်ရွယ် ချက်ရှိရှိ ပစ် ခတ်ခဲ့ပြီး စခန်းတစ်လုံးကို ချေမှုန်းရန် အခွင့်အရေး ရရှိသော်လည်း အကြမ်းဖက် စစ်သားများက အရပ် သား ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေသဖြင့် ပြည်သူများထိခိုက် မည်စိုးရိမ် ကာ ပြန်လည် ဆုတ်ခွာပေးခဲ့ကြောင်း၊ ကံကောင်းထောက်မ၍ အရပ်သားထိခိုက်မှု မရှိခဲ့ကြောင်း သိရ သည်။

ပုလောမြို့နယ်အတွင်း၌ တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မိဘပြည်သူတို့အနေဖြင့် အကြမ်းဖက် စစ် ကောင်စီတပ်သားများနှင့် နီးကပ်စွာ နေထိုင်ခြင်းမပြုရန် မေတ္တာရပ်ခံပါကြောင်း၊ အကြမ်းဖက်စစ် ကောင်စီတပ်သားများအနေဖြင့်လည်း မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ် များနှင့် မဟာမိတ်များကို ခုခံခြင်းမပြုပဲ အသာတတကြည် လက်နက်ချစေလိုကြောင်း၊ ပြစ်မှုကျူးလွန်ခြင်း မရှိသည့် တပ်မတော် သားများအပေါ် ပုဂ္ဂိုလ်ရေးအရ မုန်းတီးခြင်းမရှိပဲ မင်းအောင်လှိုင်နှင့် လူတစ်စုကို ဆက်လက်ကာကွယ် ခြင်း မပြုပဲ မိမိတို့၏ ကိုယ်ကျိုးကို ရှေးရှုစေလိုကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့​ကြောင်း မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ရာအကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မြိတ်ခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၁ ၊ ဘက်မလိုက် ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့ (SWDF) နှင့် မြိတ်မြို့နယ်(ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသ ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article