25 C
Yangon

ကရင်ပြည်နယ်တွင် စစ်တပ်က KNLA ၊ PDF များအကြား ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်ဖမ်းယူ နားထောင်ပြီး အစီရင်ခံစာ အမြဲတင်ပြနေ

Must read

ကရင်ပြည်နယ်တွင် စစ်တပ်က KNLA ၊ PDF များအကြား ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်ဖမ်းယူ နားထောင်ပြီး အစီရင်ခံစာ အမြဲတင်ပြနေ

■ ကော့ကရိတ်မြို့ကို တိုက်မည့် အစီအစဉ်ကို စစ်တပ်က ကြားဖြတ် ဖော်ထုတ် ဖမ်းယူခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်တွင် စစ်တပ်က KNLA ၊ PDF များအကြား ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်နားထောင်ပြီး အစီရင်ခံစာအမြဲတင်ပြနေကာ ကော့ကရိတ်မြို့ကို တိုက်မည့် အစီအစဉ်ကို စစ်တပ်က ဖော်ထုတ် ဖမ်းယူ ရရှိခဲ့ကြောင်း စစ်တပ်အတွင်း တင်ပြသည့် အစီရင်ခံစာအရ သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၀၅ မိနစ်အချိန် စစ်တပ်က အမှတ် ၁၄၄၄၆ လှိုင်းမှ ဖမ်းယူရရှိသည့်သတင်းဟုဆိုကာ အထက်သို့ အစီရင်ခံ တင်ပြခဲ့ကြောင်း၊ အဆိုပါ တင်ပြမှုမှာ ကော့ကရိတ်မြို့ကို ဝင်တိုက်မည့်အစီအစဉ်ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ကြားဖြတ် ဖမ်းယူ ဖော်ထုတ်ခဲ့သော KNLA ၊ PDF များအကြား ကော့ကရိတ်မြို့ကို ဝင်တိုက်မည့် အစီအစဉ်မှာ အောက်ပါ အတိုင်းဖြစ်သည်ဟု အစီ ရင် ခံစာတွင် ရေးသားထားသည်။

“ယခုငါတို့တပ်မဟာ ၆ နယ်မြေက PDFတပ်ဖွဲ့ဝင်တွေ မနက်ဖြန်ကစပြီးလှုပ်ရှားဖို့ အခု တောင်ပိုင်းဘက်မှာ အင်အား ၃၀၀နဲ့အကုန်လုံးပြန်လည်ရောက်ရှိကုန်ပြီ။ယခုငါတို့တပ်မဟာ ၆ နယ်မြေက PDFတပ်ဖွဲ့ဝင်တွေ မနက်ဖြန်ကစပြီးလှုပ်ရှားဖို့ အခု တောင်ပိုင်းဘက်မှာ အင်အား ၃၀၀နဲ့အကုန်လုံးပြန်လည်ရောက်ရှိကုန်ပြီ။ယခုငါတို့တပ်မဟာ ၆ နယ်မြေက PDFတပ်ဖွဲ့ဝင်တွေ မနက်ဖြန်ကစပြီးလှုပ်ရှားဖို့ အခု တောင်ပိုင်းဘက်မှာ အင်အား ၃၀၀နဲ့အကုန်လုံးပြန်လည်ရောက်ရှိကုန်ပြီ။မြောက်ပိုင်းဘက်မှာလည်း အကုန်လုံးနေရာတွေအဆင်သင့်ယူထားပြီးကုန်ပြီ။ ကြာအင်းဆိပ်ကြီးဘက်မှာ သွားထားတဲ့လူတွေ ကော့ကရိတ်မှာ ပြန်လာကုန်ပြီ။ အခု ကော့ကရိတ်မြို့ကြီး ပတ်ပတ်လည်နားမှာ ငါတို့ တပ်ဖွဲ့ဝင်​တွေနေရာ ယူထားတယ်။ စည်ပင်ရုံး၊ထွေအုပ်ရုံး၊ခရိုင်ရုံး အဲ့ဘက်မှာ တစ်ချို့ဝန်ထမ်းတွေက ​ရှောင်နေတဲ့သူကရှောင်နေပြီ။ အဲ့ဒီဘက်မှာ အခု တပ်တွေတော်တော်များများနေရာယူထားတယ်။ ဒီတစ်ခါဝင်ရင် ငါတို့တွေ ဆေးရုံကုန်းဘက်က ဝင်မှရမယ်” ဟု အစီရင်ခံစာတွင် ကြားဖြတ်ဖမ်းယူရရှိသည့်သတင်းအချက်အလက်များကို စစ်ကောင်စီထိပ်ပိုင်းသို့ ပေးပို့ရာတွင် အသေးစိတ်ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article