ဆားလင်းကြီးတွင် “၁၀၂၇လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ”စာသားနှင့် သပိတ်ချီတက်
ရန်ကုန်၊ နိုဝင်ဘာ ၃၀
ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုများ ဦးဆောင်သည့် အားမာန်သစ်သပိတ်စစ်ကြောင်းသည် “၁၀၂၇လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို
ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ”စာသားကို ကိုင်ဆောင်ကာ ၁၀၂၇စစ်ဆင်ရေးကို ကြိုဆိုကြောင်းနှင့် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

