မြိုင်တွင် စစ်အာဏာရှင်တော်လှန်ရေး လူထုတိုက်ပွဲပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၃၀
မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ပြည်သူများက ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MVRF)အတွက် ရာသီပေါ် မြေပဲများ ထောက်ပံ့ကူညီမှုပြုလုပ်ရင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့်လည်း ပူးပေါင်းကာ “လူထုအကျိုးကိုရှေးရှုကြ ဖောက်ပြန်သူမှန်သမျှတော်လှန်ကြ” ၊ “တိုက်ပွဲကိုညီ အောင်ပွဲကိုချီ ပြည်သစ်ကိုတည်” စသည့် စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်တော်လှန်ရေး လူထုတိုက်ပွဲကိုပါ တပါတည်း ဆင်နွှဲခဲ့ကြပါတယ်။

