ရှမ်းမြောက်တိုက်ပွဲများတွင် လားရှိုးနှင့် သိန္နီ ကိုဆက်သွယ်ထားသောတံတားကို ဖြတ်တောက်ထားပြီး စစ်ကောင်စီ၏တပ်စခန်း ၁ ခု ထပ်မံသိမ်းယူ၊ စစ်တပ်စခန်းပေါင်း ၁၈၆ ခု သိမ်းယူထားပြီး နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၁၈ မြို့ကို တော် လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ထား
ရန်ကုန်၊ နိုဝင်ဘာ ၃၀
ရှမ်းမြောက်တိုက်ပွဲများတွင် လားရှိုးနှင့် သိန္နီ ကိုဆက်သွယ်ထားသောတံတားကို ဖြတ်တောက်ထားပြီး စစ်ကောင်စီ၏တပ်စခန်း ၁ ခု ထပ်မံသိမ်းယူလိုက်ကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၃၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန် MNDAAက ကိုးကန့်တုန်းချိန်နေရာ၏အပြင်ဘက် နယ်စပ် မှတ်တိုင် (၁၂၆ ၊ ၁၂၇)သို့ ချီတက်လာခဲ့ပြီး တုန်းရှမ်းဒေသ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ စစ်ကောင်စီ၏ စစ်ကူအဖွဲ့များကို တားမြစ်ရန်အတွက် သိန္နီခရိုင်လုံခြုံရေး တပ်ဖွဲ့က လားရှိုးနှင့် သိန္နီ ဆက်သွယ်ထားသောတံတားကို ဖြတ်တောက်လိုက်ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်အချိန် MNDAA နှင့် ဒေသလုံခြုံရေးတပ်ဖွဲ့တို့ပူးတွဲပြီး သိန္နီခရိုင် ၊ သန်လွင်အုပ်စုတွင် လှုပ်ရှားနေသောစစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် သုံးကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရှိရသည်။
လက်ရှိတွင် မဟာမိတ်တပ်ပေါင်းစုတို့သည် စစ်ကောင်စီ၏ တပ်စခန်းအကြီး အသေး စုစုပေါင်း ၁၈၆ ခု သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း နှင့် ကုန်းကြမ်း စသည့် မြို့နယ် ၅ ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်း၊ ချင်းရွှေဟော် ၊ မုံးကိုး ၊ ပန်ဆိုင်း နှင့် ကျင်းစန်းကျော် နေရာရှိ နယ်စပ်ဂိတ် (၄)ခုကိုလည်း အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိ လက်နက်ကိုင်တော် လှန်ရေးတပ်ဖွဲ့မှ တစ်နိုင်ငံလုံးအတိုင်းအတာရှိ စုစုပေါင်း မြို့နယ်(၁၈)ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ကြေညာသည်။