28 C
Yangon

စစ်ကောင်စီအဖွဲ့ဝင်ဟောင်းနှင့် အကြံပေး သိန်းညွန့် ထူထောင်ထားသော အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ သန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

စစ်ကောင်စီအဖွဲ့ဝင်ဟောင်းနှင့် အကြံပေး သိန်းညွန့် ထူထောင်ထားသော အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ သန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဟောင်း နှင့် အကြံပေး သိန်းညွန့် ထူထောင်ထားသော အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ သန်းထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် သိန်းညွန့် ထူထောင်ထားသော အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဌ သန်းထွန်းသည် ၎င်းနေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်ငမိုးရိပ်ရပ်ကွက် ၃လမ်းတွင် ဖွင့်လှစ်ထားသော မိတ္တူဆိုင်တွင် ပစ်ခတ်ခံရ‌ြ ပြီး သေဆုံးသွားကြောင်း၊ သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရကြောင်း သိရှိရသည်။

” ဦးသန်းထွန်းက သေဆုံးတာမှာ သေနတ်ဒဏ်ရာ ၆ချက်နဲ့ သေတယ်။ အခုတော့ ဆိုင်ကယ်နဲ့ဘေးတွဲတွေ တွေ့သမျှအကုန်ဖမ်းနေတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ ဒီရက်ပိုင်းဧည့်စစ်ကြမ်းဖို့ရှိတယ်။ ငမိုးရိပ်၊ စံပြ၊လေးဒေါင့်ကန်၊ ဘဝမြင့်၊ကြီးပွားရေး ရပ်ကွက်တွေမှာ ဒီရက်ပိုင်းဧည့်စစ်ကြမ်းမယ်။ ပစ်ခတ်သူတော်လှန်ရေးရဲဘော်တွေက အမည်းရောင်အင်္ကျီဝတ်ပြီး ပစ်ခတ်သွားလို့ အမည်းရောင်ဝတ်သူတွေ သတိထားဖို့လိုတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

သိန်းညွန့်သည် အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီ၏ ဗဟိုအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ အာဏာသိမ်းမှုကို ထောက်ခံသော စစ်တပ်ဘက်တော်သားတစ်ဦးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article