25 C
Yangon

စစ်အာဏာသိမ်းရန် တောင်းဆိုခဲ့ခြင်းနှင့် စစ်အာဏာသိမ်းမှုကို အကြွင်းမဲ့ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ သန်းထွန်းကို ရှင်းလင်းဟု ငမိုးရိပ် Mission Network က ပြောဆို

Must read

စစ်အာဏာသိမ်းရန် တောင်းဆိုခဲ့ခြင်းနှင့် စစ်အာဏာသိမ်းမှုကို အကြွင်းမဲ့ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ သန်းထွန်းကို ရှင်းလင်းဟု ငမိုးရိပ် Mission Network က ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်အာဏာသိမ်းရန် တောင်းဆိုခဲ့မှုနှင့် စစ်အာဏာသိမ်းမှုကို အကြွင်းမဲ့ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ သန်းထွန်းကို ရှင်းလင်းလိုက်ကြောင်း ငမိုးရိပ် Mission Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သန်းထွန်းသည် စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်တင်တင် ကြေညာချက် ထုတ်ထောက်ခံခဲ့သော အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဦးဆောင်သူဖြစ်ပြီး အာဏာမသိမ်းခင်တွင်လည်း သန်းထွန်းက “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန် တပ်မတော်မှာ လုပ်ပိုင်ခွင့်နှင့် အာဏာများ ရှိနေကြောင်း၊ အာဏာသိမ်းခဲ့သည်ရှိသော် တပ်မတော်ကို ထောက်ခံရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပမီ ၃ လ အလိုကတည်းက ကြံ့ခိုင်ရေးပါတီ၏ ဦးဆောင်စီစဉ်မှုဖြင့် မင်းအောင်လှိုင်သည် နိုင်ငံရေးပါတီ ၃၄ ခုနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲတွင် ပါတီခေါင်းဆောင်တချို့က ရွေးကောက်ပွဲ မတရားခဲ့ပါက ဝင်ရောက်ဖြေရှင်းပေးရန် ၊ လိုအပ်ပါက အာဏာသိမ်းရန် မင်းအောင်လှိုင်ထံ တင်ပြခဲ့ကြကြောင်း၊ ယင်းတင်ပြသူများတွင် သန်းထွန်း၏ အမျိုးသားဒီမိုကရေစီ ပါတီသစ်လည်း ပါဝင်ကြောင်း၊ ထိုတွေ့ဆုံပွဲတွင် မင်းအောင်လှိုင်က “မလုပ်ရဲတာ ဘာမှ မရှိဘူး” ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ သန်းထွန်းသည် ကိုဂျင်မီနှင့်ကိုဇေယျာသော်ကို စစ်တပ်က ဖမ်းမိစဉ်ကလည်း သေဒဏ်ပေးရန်နှင့် သတ်ပစ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး စစ်တပ်က ကြိုးပေး သတ်ဖြတ်ချိန်တွင်လည်း ၎င်း၏ ဖေ့ဘုတ်စ် လူမှုကွန်ရက် စာမျက်နှာတွင် အောင်ပွဲခံခဲ့ကြောင်း သိရှိရသည်။

သန်းထွန်းသည် အာဏာသိမ်းသည့် မနက်တွင် ရန်ကုန်မြို့ ဆူးလေးဘုရားရှေ့တွင် အာဏာသိမ်းမှု ထောက်ခံပွဲကို ဦးဆောင်ခဲ့ကြောင်း၊ စစ်တပ်က တိုင်းရင်းသားနယ်မြေ များအပေါ် ဗုံးကျဲမှုမှာလည်း မှန်ကန်သည့် လုပ်ရပ်ဖြစ်ပြီး အမြစ်ပါမကျန် မြေလှန်သင့်သည်ဟု ကြွေးကြော်ခဲ့ကြောင်း၊ စစ်တပ်၏ အင်အားသုံးအ ကြမ်းဖက်မှုများကို ထောက်ခံအားပေးသူဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာမသိမ်းမီက အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌ မှာ သိန်းညွန့်ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးချိန်တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သိန်းညွန့်ကို စစ်ကောင်စီ၏ အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်သည့်အတွက် သန်းထွန်းသည် ပါတီဥက္ကဋ္ဌ ဖြစ်လာကြောင်း သိရှိရသည်။

စစ်တပ်ထောက်ခံသော ၊ စစ်အာဏာသိမ်းမှုကို ကြိုဆိုထောက်ခံခဲ့သော အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ သန်းထွန်းသည် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် သိန်းညွန့် ထူထောင်ထားသော အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဥက္ကဌ သန်းထွန်းသည် ၎င်းနေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်ငမိုးရိပ်ရပ်ကွက် ၃လမ်းတွင် ဖွင့်လှစ်ထားသော မိတ္တူဆိုင်တွင် ပစ်ခတ်ခံရ‌ြ ပြီး သေဆုံးသွားကြောင်း၊ သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခံရကြောင်း သိရှိရသည်။

” ဦးသန်းထွန်းက သေဆုံးတာမှာ သေနတ်ဒဏ်ရာ ၆ချက်နဲ့ သေတယ်။ အခုတော့ ဆိုင်ကယ်နဲ့ဘေးတွဲတွေ တွေ့သမျှအကုန်ဖမ်းနေတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ ဒီရက်ပိုင်းဧည့်စစ်ကြမ်းဖို့ရှိတယ်။ ငမိုးရိပ်၊ စံပြ၊လေးဒေါင့်ကန်၊ ဘဝမြင့်၊ကြီးပွားရေး ရပ်ကွက်တွေမှာ ဒီရက်ပိုင်းဧည့်စစ်ကြမ်းမယ်။ ပစ်ခတ်သူတော်လှန်ရေးရဲဘော်တွေက အမည်းရောင်အင်္ကျီဝတ်ပြီး ပစ်ခတ်သွားလို့ အမည်းရောင်ဝတ်သူတွေ သတိထားဖို့လိုတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

သိန်းညွန့်သည် အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီ၏ ဗဟိုအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ အာဏာသိမ်းမှုကို ထောက်ခံသော စစ်တပ်ဘက်တော်သားတစ်ဦးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article