26 C
Yangon

ကော့ကရိတ်မြို့တွင် ဒုတိယနေ့အဖြစ် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသူများ မြို့မှ စွန့်ခွာ၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီး ထိမှန်ခြင်းတို့ကြောင့် သေဆုံးသူ ပြည်သူများ ရှိပြီး နေအိမ်တချို့ မီးလောင်

Must read

ကော့ကရိတ်မြို့တွင် ဒုတိယနေ့အဖြစ် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသူများ မြို့မှ စွန့်ခွာ၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီး ထိမှန်ခြင်းတို့ကြောင့် သေဆုံးသူ ပြည်သူများ ရှိပြီး နေအိမ်တချို့ မီးလောင်

ရန်ကုန်၊ ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ဒုတိယနေ့အဖြစ် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသူများ မြို့မှ စွန့်ခွာမှုများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ကော့ကရိတ်မြို့ပေါ်နှင့် မြို့ပြင် နေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ ဒုတိယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ရပ်ကွက်များနှင့် လူနေအိမ်များကို ပစ်ခတ်သဖြင့် ပြည်သူများ သေဆုံးမှုရှိပြီး နေအိမ်တချို့လည်း မီးလောင်ကျွမ်းနေကြောင်း သိရှိရသည်။

“ဒီနေ့တော့ ၃ နာရီအတွင်း မြို့ကထွက်ပါဆိုတဲ့ သတင်းတွေ ဝင်လာလို့ မြို့ထဲမှာ ရှိနေတဲ့ လက်ကျန် ပြည်သူတွေ အကုန်ပြေးကြတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေကြတယ်။ လေယာဉ်နဲ့ရော လက်နက်ကြီးတွေနဲ့ရော တပ်ဘက်က ပစ်ခတ်တယ်။ အမှတ်၅ ကွက်သစ်မှာ ပြည်သူ ၂ ဦး၊ ဝင်းကြီး သပြေကုန်းမှာ ၃ ဦး လက်နက်ကြီးထိမှန်ပြီး ကွယ်လွန်တယ်။ ဘုန်းကြီးကျောင်းတွေလည်း လေယာဉ်နဲ့ကျဲလို့ ထိတယ်။ သပြေကုန်းနဲ့ ဝင်းကြီးဘက်မှာ နေအိမ်တွေ လက်နက်ကြီးကျပြီး မီးလောင်တာရှိတယ်။ မြို့ထဲမှာတော့ လူ မရှိသလောက်တော့ ဖြစ်နေပြီ။ ကျန်တဲ့သူတွေက အိမ်စောင့် အဖြစ်ကျန်တဲ့သူတွေလည်းရှိတယ်။ ” ဟု ကော့ကရိတ်မြို့ခံပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ BGF တပ်များက မြို့အဝင်အထွက်ကို ပိတ်ဆို့ရန် ကြိုးစားနေပြီး ထွက်ပြေးနေသည့် စစ်ဘေးရှောင်ပြည်သူများကို ဦးတည် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“မနက်ပိုင်းက ထွက်ဖို့ ကြိုးစားတဲ့သူတွေကို စစ်တပ်က စျေးအပေါ်ထပ်ကနေ လှမ်းပစ်တယ်။ အဲဒါကြောင့် အခြားလမ်းကြောင်းတွေက ပြန်ရှောင်ထွက်ရတယ်။ သေနတ်ထိတဲ့သူတွေလည်း ထိနေကြတာ ဘယ်သူမှ မကူနိုင်ဘူး။ ကိုယ့်အသက်ကိုယ် လုပြေးနေရတာ။ စနိုက်ပါတွေနဲ့ လည်း ပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article