25 C
Yangon

ညောင်လေးပင်နှင့် ကော့ကရိတ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ပြည်သူ ၇ ဦး ဒဏ်ရာရ

Must read

ညောင်လေးပင်နှင့် ကော့ကရိတ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ပြည်သူ ၇ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ညောင်လေးပင်ခရိုင်ရှိ ရေတွင်းကုန်း ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ကျေးရွာရှိ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ ညနေ ၃ နာရီ ၅၆ မိနစ်ခန့်တွင် ခမရ−၅၉၉ မှ ပစ်ခတ်သော လက်နက် ကြီးများဖြင့် လက်ပန်တန်းရွာကျေးကို ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဆိတ်ဖူးခင် ကျေးရွာတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ဆိတ်ဖူးခင်ရွာသား အသက် ၁၄ နှစ်အရွယ် မောင်မြင့်မြတ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဘန်းလောင်ကျေးရွာအတွင်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်းပျက်စီးပြီး ရွာသား ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

ယင်းနေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ၁၂၀ မမ လက် နက်ကြီးများဖြင့် ဖြူးမြို့ ရွာသစ်ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ အသက် ၅၆ နှစ်အရွယ် ဦးဖိုးထွန်းနှင့် အသက် ၅၃ နှစ်အရွယ် ဦးလှဆင့်တို့ ထိခိုက် ဒဏ်ရာရရှိပြီး ဦးလှဆင့်၏ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရှိ ကျေးရွာများကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၂ နာရီ ၁၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ နေပြည်တော်လေတပ်က တက်လာသည့် Yak-130 Jet fighter ၂ စင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ဖန်းခါးကုန်းကျေးရွာ နှင့် နန်းရွှေမှုံကျေးရွာများ အတွင်းကို ကျဲချခဲ့သောကြောင့် လူနေအိမ် တစ်ချို့ထိမှန် ပျက်စီးခဲ့ရပြီး အသက် ၂၅ နှစ်အရွယ် မုသိန်းထွန်း သေဆုံးကာ အသက် ၄၀ အရွယ် ကျော်လုံဖဝ်ု ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article