Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေတဲ့ စစ်သား ၁၀၀ ကျော်ကို ချေမှုန်း တိုက်ခိုက်ပြီးနောက်မှာ ထပ်မံထွက်ပြေးနေတဲ့ စစ်တပ်အကြွင်းအကျန်အင်အား ၁၈၀ နီးပါးကိုလည်း လိုက်လံရှာဖွေ တိုက်ခိုက်ချေမှုန်းနေတယ်လို့ MNDAA ပြောခွင့်ရ လီကျားဝင်းက ပြောပါတယ်။
– ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို KNLA ဦးဆောင်တဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ တွေ က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် နမ္မတူမြို့နယ်က ခမရ ၃၂၄မှာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ တွေရဲ့ဒရုန်းတွေကို ကြောက်ရွံ့တဲ့အတွက် ဒရုန်းဖြတ်ချတဲ့ Jammer တွေကို သစ်ပင်ပေါ်မှာ ကြိုးချည် တပ်ဆင်ထားရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။