25 C
Yangon

လက်နက်ကိုင်အဖွဲ့များ ဆက်မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် အကြမ်းဖက်မင်းအောင်လှိုင် ထုတ်ပြော၊ သို့သော် ၂၀၀၈ အခြေခံဥပဒေကို လုံး၀ အထိခိုက်မခံဟုဆို

Must read

လက်နက်ကိုင်အဖွဲ့များ ဆက်မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် အကြမ်းဖက်မင်းအောင်လှိုင် ထုတ်ပြော၊ သို့သော် ၂၀၀၈ အခြေခံဥပဒေကို လုံး၀ အထိခိုက်မခံဟုဆို

■ ဒို့တာဝန်အရေး ၃ ပါး ထိပါးလျှင် အကျိုးဆက်ကို ဒေသပြည်သူများသာ ခံစားရမည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၅

အကြမ်းဖက်မင်းအောင်လှိုင်က လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက် မမိုက်မဲကြဘဲ နိုင်ငံ ရေးအရ ဖြေရှင်းကြရန် ဖိတ်ခေါ်လာပြီး စစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံး၀ အထိခိုက်ခံမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

နေပြည်တော်တွင် ဒီဇင်ဘာလ ၄ ရက်နေ့ ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။

လက်ရှိ ပြည်နယ်/တိုင်းများတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် လက်နက်ကိုင်အဖွဲ့များကြောင့်ဟု မင်းအောင်လှိုင် အပြစ်တင်ပြီး ရခိုင်ပြည်နယ် မတည်ငြိမ်မှုမှာ AA ကြောင့် ဖြစ်ကြောင်း၊ ကယား ပြည်နယ်တွင်လည်း လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန် အလွန်ပင်ခက်ခဲသွားပြီဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင် ပြောဆိုသည်။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်း နက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစာပင် ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင် ပြောသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်ထောင်စုကြီး လုံး၀ပြိုကွဲ၍ ရမည်မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံး၀ အထိခိုက်ခံမည်မဟုတ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ခြိမ်းခြောက်ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ထိုသို့ ပြောဆိုသော်လည်း ရှမ်းပြည်မြောက်ပိုင်း စစ်မြေပြင်တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် အပါအဝင် ရှေ့တန်းစစ်မျက်နှာပြင်များတွင် မြို့များနှင့် စစ်စခန်းများ ဆုံးရှုံးပြီး စစ်တပ်ဘက်မှ စစ်သား ရာပေါင်းများစွာ သေဆုံးလျက်ရှိကြောင်း နိုင်ငံတစ်ဝန်း စစ်ရေး သတင်းများအရ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်။ Photo- Getty Images ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article