32 C
Yangon

မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထား၊ ရှားတောမြို့နယ်ရှိ စစ်တပ် စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ ၉ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၇ လက်သိမ်းဆည်းရရှိ

Must read

မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထား၊ ရှားတောမြို့နယ်ရှိ စစ်တပ် စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ ၉ ဦးအရှင်ဖမ်းမိ၊ လက်နက် ၁၇ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ မိုးဗြဲမြို့ကို သိမ်းပိုက်ရရှိထားပြီ ဖြစ်ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြားသည်။

၁၁၁၁ စစ်ဆင်ရေးစတင်ခဲ့သည့် ၁၁ ရက်နေ့ကတည်းက မိုးဗြဲမြို့ကို သိမ်းပိုက်ရရှိထားခြင်းဖြစ်ပြီး မိုးဗြဲရေကာတာအနီးရှိ ၄၂၂ တပ်ရင်းတစ်ကျန်နေသေးကြောင်း၊ မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များက ထပ်မံ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး မယ်စဲ့မြို့နယ် အပြင် နောက်ထပ် မြို့တစ်မြို့ကို ထပ်မံသိမ်းပိုက်ရရှိခဲခြင်းဖြစ်ကြောင်း သိရသည်။

“နိုဝင်ဘာ ၁၁ ရက် ၁၂ ရက်နေ့ကတည်းက သိမ်းပြီးပြီ၊ ဒါပေမယ့် ကျန်တာက ၄၂၂ မိုးဗြဲရေကာတာ နားမှာပဲ ကျန်နေတာ၊ လက်ရှိတော့ တိုက်ပွဲမရှိသေးဘူး၊ နားနေကြတယ်” ဟု KA စစ်ရေးချုပ် ဗိုလ် မှူး ကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြားသည်။

ထို့အပြင် ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ တိုးချောင်း၌အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်း တစ်ခုကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၇ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်အရာ အကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

“ရှားတောကတော့ မယ်စဲ့ကတော့ မရှိတော့ဘူး၊ ရှားတောမြို့နယ်ကတော့ သူတို့ရှိသေးတယ်၊ ရှား တောမြို့ထဲနဲ့ တာလေ၊ တာတမော ဆိုတာရှိသေးတယ်၊ တိုချောင်းတံတားကတော့ ပြုတ်သွားပြီ၊ ၇၂ ပေါ့၊ အဲဒီတိုချောင်းတံတားမှာရှိတယ်လေ၊ ၃၀ လောက်ရှိမယ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က တက်ဆော် တာ မရဘူး၊ စခန်းက ၂ ခုရှိတာ အပေါ်က စခန်းကတော့ပြုတ်သွားပြီ၊ အောက်ကစခန်း က အုတ်ဂူ တွေနဲ့ အခိုင်အမာလုပ်ထားပြီးခံပစ်တာ၊ မရလိုက်ဘူး၊ ၂ ရက်နေ့ညသန်းခေါင်မှာသူတို့ ထွက်သွား တယ်၊ ထွက်သွားတော့ ခြေရာခံပြီး လိုက်ရှာတာ၊ တိုချောင်းကူးတဲ့အချိန် မှီတယ်၊ မှီတော့ ၈‌ ယောက် ကတော့ လွတ်သွားတယ်၊ ၉ ယောက်က အရှင်မိတယ်၊ ၁၀ ယောက်က သေတယ်၊ လက်နက် ကတော့ အားလုံးပေါင်း ၁၇ လက်နဲ့ စစ်ဖက် ဆိုင်ရာ ပစ္စည်းတွေရတယ်၊ အဲဒါက တစ်ရက်နေ့မှာ စဖြစ်တယ်၊ ၃ ရက်နေ့မနက် သိမ်းပိုက်မိတာပေါ့၊ရှားတောမှာက ၂ ခုကျန်မယ်၊ ရှားတောမြို့ စေတီ ကုန်းမှာနဲ့ တာတမောဆိုတဲ့ ကတို့ဆိပ်မှာ ထိုင်ထားတပ်စခန်းတစ်ခုကျန်သေးတယ်” ဟု ကရင် နီစစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ကရင်နီပြည်နယ်အတွင်း၌ သိမ်းပိုက်ရန် ကျန်ရှိနေသော အကြမ်းဖက်စစ်တပ်စခန်းမှာ ဒီးမော့ဆိုမြို့ နယ်တွင် ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ ခလရ ၁၀၂ တပ်ရင်းနှင့် ခမရ ၄၂၇ တပ်ရင်း ၊ ဖရူဆိုမြို့နယ်တွင် ခမရ ၅၃၁ တပ်ရင်း၊ ၄၂၈ တပ်ရင်း၊ ဘောလခဲမြို့နယ်တွင် တပ်ရင်း ၃ ခုရှိကာ ခမရ ၄၃၀ တပ်ရင်းသည် မယ်စဲ့တိုက်ပွဲတွင် ပြုတ်သွားပြီဖြစ်ပြီး တပ်ရင်းစခန်းအတွင်း၌ စစ်တပ်မိ သားစု ဝင် များသာကျန်ရှိတော့ကြောင်း၊ ခမရ ၄၂၉ ၊ ခမရ ၃၃၇ တပ်ရင်းရှိ စစ်သားများသည်လည်း ရှေ့တန်းရောက်ရှိနေကြောင်း၊ ဖားဆောင်းမြို့နယ်တွင် ခလရ ၁၃၄ တပ်ရင်းနှင့် ၁၃၅ တပ်ရင်းတို့ သာကျန်ရှိတော့ကြောင်း သိရသသည်။

Photo – Karenni Post (ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသည့် မိုးဗြဲမြို့ မြင်ကွင်းများ)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article