32.3 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီမှာ အမေရိကန်ဒေါ်လာ ပြတ်လပ်သွားပြီဖြစ်တဲ့အတွက် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးမှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး သီလဝါမှာ ဆီထုတ်ကြမယ့် ဘောက်ဆာကားတွေ ထောင်နဲ့ချီ ကြိတ်ကြိတ်တိုး တန်းစီနေရတယ်လို့ ဆီလုပ်ငန်းရှင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ရေဇွာမြို့သိမ်း တိုက်ပွဲမှာ စစ်တပ်က တပ်ကြပ်ကြီးကို စစ်မြေပြင် အတွင်း ဒုအရာခံဗိုလ် ရာထူးတိုး ပေးပြီး ကွပ်ကဲခိုင်းပေမယ့် ၊ တပ်ကြပ်ကြီးဆိုသူဟာ သေနတ်မှန်ပြီး ချက်ချင်းသေ သွားတဲ့အပြင် ၊ စစ်ကူ တောင်းတဲ့ လေယာဉ်ပစ်ကူဟာလည်း အဲ့ဒီ့တပ့်ကြပ်ကြီးဆိုသူသာ သေသွားတယ် ရောက်မ လာခဲ့ဘူးလို့ ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

– ပဲခူးတိုင်းက မုန်းမြို့ကို ပြန်လည်သိမ်းပိုက်ထားပြီဆိုပြီး ဘာမှ မရှိတော့တဲ့ တပ်ရင်းရှေ့မှာ ရဟတ် ယာဉ်နဲ့ စစ်သားတွေချပေးပြီး ဓာတ်ပုံရိုက်ပြီးမှ စစ်ကောင်စီက ဝါဒဖြန့်နေပေမယ့် ၊ ဓာတ်ပုံရိုက်တဲ့ စစ်ကြောင်းကို တိုက်မလား၊ လက်နက်ချ အညံ့ခံမလားလို့ တော်လှန် ရေးတပ်တွေ ရာဇသံပေး ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article