36 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့ကို စိုးမိုးနိုင်တဲ့ လေးမျက်နှာစေတီကုန်း စစ်တပ်စခန်းကို MNDAA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ပြောပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ နဲ့ နမ့်ခမ်းမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို TNLA က ထပ်မံ သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီတပ်သားတွေဟာ ကစဥ်ကလျား နဲ့ ထွက်ပြေး သွားကြတယ် လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

– ပလက်ဝမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာ စခန်းကုန်းကြီးကို ရခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် ဟောင်ဝစ်ဇာအမြောက် အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ ထားပြီး၊ စစ်ကောင်စီရဲ့ နှုးဘူးဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေတယ်လို့ ရက္ခိုင့်တပ်တော် AA က တရားဝင် ထုတ်ပြန်ထားပါတယ်။

– တစ်နိုင်ငံလုံး စက်သုံးဆီ ခက်ခဲနေတဲ့အချိန် မကွေးတိုင်း၊ အထက်မင်းလှမြို့မှာ စစ်ကောင်စီတပ်က ဘောက်ဆာကားတွေနဲ့ စက်သုံးဆီတွေ မှောင်ခို ခိုးထုတ်ပြီး ရောင်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article