30 C
Yangon

မုန်းမြို့သိမ်းတိုက်ပွဲတွင် ABSDF ကျောင်းသား တပ်မတော်က KNLA ၊ PDF မဟာမိတ် တပ်ဖွဲ့များ နှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်

Must read

မုန်းမြို့သိမ်းတိုက်ပွဲတွင် ABSDF ကျောင်းသား တပ်မတော်က KNLA ၊ PDF မဟာမိတ် တပ်ဖွဲ့များ နှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲတွင် ABSDF ကျောင်းသား တပ်မတော်က KNLA ၊ PDF မဟာမိတ် တပ်ဖွဲ့များ နှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြောင်း ABSDF ကျောင်းသား တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့က စတင်ပြီး မုန်းမြို့ ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၅၉၀ ၊ ၅၉၉ ၊ မြို့မရဲစခန်း နှင့် မြို့အဝင် အုတ်ဖြတ်ကျေးရွာ တံတား ထိပ်ရှိ စစ်ဆေးရေး ဂိတ် တို့ကို ABSDF ကျောင်းသား တပ်မတော် ၊ KNLA ၊ PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မုန်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်ချ အညံ့ခံသူများလည်း ရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း ABSDF ကျောင်းသား တပ်မတော်မှ ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်တွင် စိုးရိမ်စရာမရှိတော့ဘဲ ပြန်လည်သက်သာလာပြီကြောင်း သိရှိရသည်။

ABSDF ကျောင်းသားတပ်မတော်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အတွက် ဒေသအသီးသီးရှိ တော်လှန်ရေးအဖွဲ့များနှင့် အတူ လက်တွဲပြီး တိုက်ပွဲ ဝင်လျက်ရှိကြောင်း ABSDF ကျောင်းသား တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article