29 C
Yangon

ပြည်သူတွေ လိုအပ်တာထက် ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ ပိုမို မဝယ်ကြဖို့ စစ်ကောင်စီ က သတင်းစာမှတစ်ဆင့် ပြောပြန်

Must read

ပြည်သူတွေ လိုအပ်တာထက် ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ ပိုမို မဝယ်ကြဖို့ စစ်ကောင်စီ က သတင်းစာမှတစ်ဆင့် ပြောပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရန်ကုန်မြို့တော်နှင့် ရန်ကုန်တိုင်းတွင် စက်သုံးဆီ ကိစ္စ မပြေလည်သေးဘဲ ဆီတန်းစီနေသည့် ကားတန်းရှည်ကြီးများဖြင့် အလုအယက် ဝယ်နေရဆဲဖြစ် ကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ပြောဆိုကြသည်။

“မနက် ၄ နာရီတန်းစီရတယ်။ ကာဖျူးပြီးတာနဲ့ တန်းစီပြီး ဆီဆိုင်မှာ စောင့်နေကြပြီ။ ကားတန်းရှည်ကြီးတွေနဲ့ မျှော်မဆုံး ရှုမဆုံးဘဲ။ မနက် ၇ နာရီလောက် ကျတော့ ဆိုင်တော်တော်များများ ရောင်းပေးမယ့် ကိုယ်လိုသလောက် မရဘူး။ တချို့ဆိုင်တွေလည်းရတယ်။ ဆီဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင် မတူဘူး။ တချို့ဆိုင်တွေက ပရီမီယံ ဒီဇယ် မရဘူး။ 92 ပဲရတယ်။ တချို့ဆိုင်တွေက ဒီဇယ်ရတယ်။ ဓာတ်ဆီမရဘူး။ အဲဒီလိုဖြစ်နေတယ်။ ဆီကိစ္စကတော့ မပြေလည်သေးဘူး။ ဒီလိုပဲ ရက်ဘယ်လောက်ကြာဦးမလဲမသိဘူး” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူများအနေဖြင့် မိမိတို့ လိုအပ်သည်ထက် ပိုမို ဝယ်ယူခြင်းများမပြုလုပ်ကြရန် လိုကြောင်း၊ လတ်တလော စက်သုံးဆီ ပြတ်လပ်မှု မရှိကြောင်း၊ လက်ရှိတွင် ပုံမှန် ပြည်တွင်း သုံးစွဲမှု ပမာဏထက် ပိုမို များပြားစွာ ဝယ်ယူနေကြသဖြင့် စက်သုံးဆီ အရောင်းဆိုင်များ၏ ဖြည့်တင်းပေးနိုင်မှုနှင့်အညီသာ ပုံမှန်သုံးစွဲပမာဏအတိုင်း ဝယ်ယူကြရန် လိုအပ်ကြောင်း ဝါဒဖြန့် သတင်းစာများတွင် ကြေညာထားသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင် ၃၃၉၁ ဆိုင်သို့ ဆီသယ်ယာဉ် ၁၇၂၉ စီးဖြင့် 92 ဂါလန် ၉ သိန်း ၇ သောင်းကျော်၊ 95 ဂါလန် ၂ သိန်း ၅ သောင်းကျော်၊ ဒီဇယ်ဂါလန် ၆ သိန်း ၅ သောင်းကျော်၊ ပရီမီယံ ဒီဇယ်ဆီ ၈ သိန်း ၃ သောင်းကျော် ဖြန့်ဖြူးပေးခဲ့ကြောင်း၊ ဆီတင်သင်္ဘောများလည်း ရန်ကုန်ပင်လယ်၀ ရောက်ရှိနေကြောင်း စစ်ကောင်စီက ပြောဆိုထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article