29 C
Yangon

မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ စီးဆင်းနေမှု ချက်ချင်းရပ်တန့်ပစ်ရန် လိုအပ်ဟု ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုက်တွန်း

Must read

မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ စီးဆင်းနေမှု ချက်ချင်းရပ်တန့်ပစ်ရန် လိုအပ်ဟု ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုက်တွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၇

မြန်မာစစ်အုပ်စု ထံ စစ်လက်နက်များ စီးဆင်းနေမှု ချက်ချင်းရပ်တန့်ပစ်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ဗုဒ္ဓဟူးနေ့ ကပြောကြားခဲ့ပါတယ်။

မြန်မာ ပြည်သူတွေရဲ့ အသက်ကို ကယ်ဆယ်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အချိန်ကိုရောက်ရှိနေတာဖြစ်ပြီး မြန်မာစစ်တပ်ထံ လက်နက်စီးဆင်းနေမှုတွေကို ချက်ချင်းရပ်တန့် ဖို့လုပ်ဆောင်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ တွမ်အင်ဒရူးစ် သတိပေးလိုက်ပါတယ်။

မြန်မာစစ်အုပ်စု ဟာ ပြည်သူတွေအပေါ်မှာ စစ်ရာဇ၀တ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထပ်ကာထပ်ကာ ကျူးလွန်နေပြီး လက်နက်များ စီးဆင်းမှုကို ရပ်တန့် နိုင်မှသာ ဒီ လုပ်ရပ်တွေ အဆုံးသတ်မှာဖြစ်တယ်လို့ တွမ်အင်ဒရူးစ် ကပြောပါတယ်။

နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ စစ်အုပ်စုထံ လက်နက်စီးဆင်းနေမှု ရပ်တန့်ဖို့ရာ ချက်ချင်းအရေးယူမှုတွေစတင်လုပ်ဆောင်ဖို့ လည်းတောင်းဆိုခဲ့ပါတယ်။

“ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခဟာ တခြား ပဋိပက္ခတွေနဲ့ မတူပါဘူး။ ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံတွေ အနေနဲ့ နယ်မြေဆုံးရှုံးမှု ကြီးထွားလာနေတဲ့ စစ်အာဏာရှင်တွေဆီ လက်နက်စီးဆင်းနေမှု ကိုချက်ချင်း ရပ်တန့်အောင်လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။ ဒါကိုစဉ်းစားချင့်ချိန်ပြီး အရေးယူမှုလုပ်ဆောင်ရမယ့် အချိန်ပါ” လို့ တွမ်အင်ဒရူးစ် ကတိုက်တွန်းပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ယခု ရက်သတ္တပတ်အတွင်းမှာပင် မြန်မာ နိုင်ငံတစ်ဝန်း လူတစ်သန်း ရဲ့လေးပုံတစ်ပုံ ဟာ နေရပ်စွန့်ခွာထွက်ပြေး နေရတာဖြစ်လို့ “အချိန်ဖြုန်းနေလို့မရဘူး” လို့ တွမ်အင်ဒရူးစ် ကဆိုပါတယ်။

စစ်တပ်က တိုက်ခိုက်ရေး ဂျက် လေယာဉ်တွေ နဲ့ ရဟတ်ယာဉ်တွေ အသုံးပြုပြီး စစ်ဘေးရှောင်စခန်းတွေ ၊ စာသင် ကျောင်းတွေ နဲ့ ဆေးရုံတွေကို ပါ လေ ကြောင်း တိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် လေယာဉ် ဆီဖြတ်တောက်ရေး လုပ်ဆောင်ဖို့ အဓိကလိုအပ်နေကြောင်း သူ ကဆက်လက်ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article