Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရှမ်းမြောက်တိုက်ပွဲအတွင်း သေသွားတဲ့ ဗိုလ်မှူးချုပ် အောင်ဇော်လင်းရဲ့ အလောင်းကို MNDAA က စစ်ကောင်စီကို ပြန်လည်လွှဲပေးမယ်ဆိုပြီး ဆက်သွယ်ပေမယ့် အကြမ်းဖက် ဇော်မင်းထွန်းက မသေဘူးဆိုပြီးတော့သာ ဗြောင်လိမ်နေပြန်ပါတယ်။
– သွေးပျက် ထိတ်လန့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တော်လှန် ရေးတပ်တွေ မသိမ်းယူနိုင်အောင် ခုခံစစ်ဆိုင်ရာ လျှို့ဝှက် ညွှန် ကြားချက်တွေ ဆက်တိုက် ထုတ်နေ တဲ့အပြင် ၊သတင်းပေါက်ကြားမှု မရှိစေအောင် ဆောင်ရွက်ဖို့ကိုပါ စစ်ကောင်စီက လျှိုဝှက် ညွှန်ကြားထားတယ်လို့စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မုန်းမြို့ မြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ပေါင်းစုကနေ သိမ်းပိုက်ရရှိထားတဲ့ ခမရ ၅၉၀ မှာ တော် လှန်ရေးအလံ လွှင့်ထူလိုက်ပြီး ၊တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအယောက် ၇၀ ထက် မနည်း သေသွားတဲ့အပြင် ၊ စစ်သားတချို့က အလံဖြူထောင်ပြီး အလစ်အငိုက်ပြန်လည် တိုက်ခိုက်ဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။