26 C
Yangon

ကိုးကန့်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေး အတွင်း ဖမ်းဆီးရမိသည့် ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးကို ကိုးကန့် MNDAA က လွတ်ငြိမ်းချမ်းသာ ခွင့်ပေး

Must read

ကိုးကန့်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေး အတွင်း ဖမ်းဆီးရမိသည့် ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးကို ကိုးကန့် MNDAA က လွတ်ငြိမ်းချမ်းသာ ခွင့်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေး အတွင်း ဖမ်းဆီးရမိသည့် ပြည်သူ့စစ် အဖွဲ့ဝင် ၄၉ ဦးကို ကိုးကန့် MNDAA က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း MNDAA ထံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှုံးနိမ့်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်နက် ချ ထွက်ပြေးခြင်း၊ အချို့တပ်ဖွဲ့များမှာ မိမိနေထိုင်ရာနေရာမှ ထမြောက်ပုန်ကန်ကာ မဟာမိတ်တပ်ဖွဲ့ ထဲတွင် ပါဝင်ဆင်နွှဲခြင်း၊ အချို့ စစ်သည်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ပြည်သူ့စစ် အဖွဲ့ဝင် စစ်သုံ့ပန်း အဖွဲ့ဝင် ၄၉ ဦးကို MNDAA က စစ်သုံ့ပန်း ဥပဒေနှင့်အညီ ဦးစားပေးလိုက်နာပြီး MNDAA ၏ တရားစီရင်ရေးဌာနမှ စစ်ဆေး စုံစမ်းမေးမြန်းပြီးနောက် ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ကိုးကန့် ရုပ်သေး အဖွဲ့အစည်း (ပြည်သူ့စစ်) ထံတွင် တာဝန်ထမ်း ဆောင် နေသူများအနေဖြင့် လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်ပြီး ပြည်သူ့ရင်ခွင်ထံ ပြန်လာကြရန် ကိုးကန့် MNDAA က တိုက်တွန်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article