25 C
Yangon

သထုံ-ဘီးလင်းလမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ် ကောင်စီတပ်သား ၂၀ ကျော် သေဆုံးဟုဆို၊ ကော့ကရိတ်ရှိ စကခ ၁၂ အပါအဝင် စစ်တပ်တပ်စွဲ နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

သထုံ-ဘီးလင်းလမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ် ကောင်စီတပ်သား ၂၀ ကျော် သေဆုံးဟုဆို၊ ကော့ကရိတ်ရှိ စကခ ၁၂ အပါအဝင် စစ်တပ်တပ်စွဲ နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ သထုံ-ဘီးလင်းလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ကျော်ထိခိုက်သေဆုံးခဲ့ကြောင်း Hawk Revolutionary Squad – HRS တပ်ဖွဲ့နှင့် တပင်ရွှေထီစစ်ကြောင်းတို့ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်က အကြမ်းဖက်စစ်သားများနှင့် ရိက္ခာသယ်ဆောင်လာ သော ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၈ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် အဆိုပါစစ်ယာဉ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သထုံခရိုင် တပ်မဟာ ၁ KNU/KNLA တပ်ရင်း ၂ တပ်ခွဲ ၃ HRS ၊ တပင်ရွှေထီး စစ်ကြောင်းနှင့် မြေပြင်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စကစ ၁၂ အပါအဝင် အကြမ်းဖက်စစ်သားများ တပ်စွဲထား ရာနေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်သား များနေထိုင်ရာ စကခ ၁၂ ၊ လှိုင်ဝလက်နက်ကြီးကုန်း၊ တောင်ပေါ်ကျောင်းနှင့် ညောင်ပင်ဂိတ်တို့ကို ဗုံးသီး အကြိမ် ၂၀ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ဖြစ်နေတုန်းပဲ၊ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုက မသိရသေးဘူး၊ အင်တာနက်လိုင်းတွေ လည်း ဖြတ်ခံထားရတယ်” ဟု KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို Justice Soldier PDF drone တပ်ခွဲ၊ Kloud ဒရုန်းတပ်ဖွဲ့ တို့မှ Shar Htoo Waw နည်း ပညာမြင့် မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Kloud တပ်ဖွဲ့မှ မောင်းသူမဲ့လေယာဉ်ငယ် ၁ စီး မှာ ပြန်အဆင်းလမ်း၌ ပျက်ကျခဲ့ကာ ဆုံးရူံးခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ- ယမန်နှစ် ကရင်နီပြည်နယ်တွင် မိုင်းထိမှန်ထားသော စစ်ကောင်စီ၏ ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article