25 C
Yangon

နမ့်ဆန်မြို့နယ်၊ ရဲစခန်း ၊ ကဒိုင်းဖူးတောင်စစ်စခန်း ၊ လွယ်ဆိုင်တပ်စခန်း နှင့် လားရှိုး အီနိုင်ကျေးရွာ စစ်တပ်စခန်း စုစုပေါင်း စခန်း ၄ ခုကို TNLA က ထပ်မံ သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

နမ့်ဆန်မြို့နယ်၊ ရဲစခန်း ၊ ကဒိုင်းဖူးတောင်စစ်စခန်း ၊ လွယ်ဆိုင်တပ်စခန်း နှင့် လားရှိုး အီနိုင်ကျေးရွာ စစ်တပ်စခန်း စုစုပေါင်း စခန်း ၄ ခုကို TNLA က ထပ်မံ သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်နှင့် လားရှိုး မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းနှင့် ရဲစခန်း အပါအဝင် စခန်း ၄ ခုကို TNLA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PSLFTNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ကဒိုင်းဖူးတောင်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ပြီး ၎င်းတိုက်ပွဲ အတွင်းမှ ၆၀ မမ ၊ ၈၀ မမ လက်နက်ကြီးများ အပါအဝင်၊ လက်နက် ၁၉ လက် ၊ ကျည်မျိုးစုံနှင့် စစ်သုံးဆောင် ပစည်းများ သိမ်းဆည်ရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် နမ့်ဆန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လွယ်ဆိုင်တပ်စခန်းနှင့် နမ့်ဆန်ရဲစခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ အလားတူ လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ကင်းစခန်းကို ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ် ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာဘက်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + DPLF တို့ ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းသစ်ကုန်းဘက်တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၄ ကြိမ် လာရောက် ပစ်ကူ တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၉ နာရီ ၃၄ မိနစ်ခန့်တွင်လည်း ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့် ၂ ကြိမ် ထပ်မံ လာရောက် ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article