28 C
Yangon

KNU မူးတြော်ခရိုင်နှင့် သထုံခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

Must read

KNU မူးတြော်ခရိုင်နှင့် သထုံခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ KNU မူးတြော်ခရိုင်ရှိ ကောလူဒဲနယ်မြေကို အကြမ်းဖက် စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် ဖျက်ဆီး၏ လေကြောင်းက ကြောင်းဖြစ် ဗုံးကျဲ တိုက်ခိုက်ရာ မူပယ်ထာရွာရှိ နေအိမ်များနှင့် စပါးကျည် ၁ လုံး လည်း ထိခိုက်ပျက်စီးခဲ့ရပြီး တဘိုထာရွာမှ စောတာပွယ်၏ နေအိမ်များအပြင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် ဝတ်ပြုဆုတောင်းခန်းတစ်ခုလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု​အတွင်း နေအိမ် ၆၁ လုံးမှ ဒေသပြည်သူ ၃၆၀ ဦး အသက်ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ကေားလူဒဲ ကျေးရွာအုပ်စုကို အောက်တိုဘာလ ၂၄ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ အချိန်ထိ ရပ်တန့် သွားခြင်းမရှိသောကြောင့် ဒေသ ပြည်သူ သူများ ကြောက်ရွံ့၍ အသက်မွေးဝမ်းကြောင်အတွက် သွားလာလှုပ်ရှားကာ လုပ်ကိုင် စားသောက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ-၈ လက်အောက်ခံ အမှတ် ၄၀၄ ခြေမြန်တပ်ရင်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ သထုံခရိုင် နတ်ကြီးကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ် စောထက်ဝေယုံ ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်ကြီးရွာကြီး ပန်ကာခီးကျေားရွာစုထဲကို လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် နော်ဆန်းထွေး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရကာ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article