အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “တိုက်၊သိမ်း၊ထိမ်းအောင်ပွဲတွေနဲ့အတူ ဦးမော့နေတဲ့ပြည်သူ့တော်လှန်ရေးကြီးအဆုံးသတ်အောင်ပွဲရောက်ရှိရန် တော်လှန်ရေးမှာနိုင်ရာကပါဝင်နေဖို့လိုတယ်။” စာတန်းများကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

