25 C
Yangon

လောက်ကိုင်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သဖြင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

လောက်ကိုင်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သဖြင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ၀ိုင်းရံ ပိတ်ဆို့ခံနေရသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက် သဖြင့် ပြည်သူ ၃ ဦးသေဆုံးကြောင်း MNDAA က ပြောဆိုသည်။

MNDAA ကိုလည်း ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိသော စစ်ကောင်စီတပ်များသည် ၀ိုင်းရံပိတ်ဆို့ခံနေရသည့်အတွက် ထွက်လမ်းမရှိတော့ချိန် အပြစ်မဲ့ ပြည်သူများကို ထိခိုက်၊ သေကြေစေသော ပြစ်မှုများကို အကြိမ်ပေါင်းများစွာ ဆက်တိုက်ကျူးလွန်ခဲ့ကြကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မွန်းလွဲ ၃ နာရီအချိန် လောက်ကိုင်ဒေသ ပေါက်ပေါက်ကျိုင့်ရွာသို့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ဦးလီခိုင်လျံ၏ ဘယ်ဘက်လက်မောင်း ကျည်စထိမှန်ခဲ့ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း၊ တချိန်တည်းတွင်ပင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ပွဲချင်းသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

လက်နက်ကြီးကျည်ထိမှန်ထားသော ဦးလီခိုင်လျံသည် လောက်ကိုင်တွင် စစ်ကောင်စီဖွင့်လစ်‌သောဆေးရုံသို့ဆေးကုသရန် သွားရောက်ခဲ့သော် လည်း ကုသပေးခြင်းမရှိကြောင်း ၊ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်အချိန်တွင် ဦးလီခိုင်လျံ၏ ဒဏ်ရာကို MNDAA က ကုသပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်း စစ်ကောင်စီက ကိုးကန့်၊ ရန်လုံကျိုင့် သို့ လက်နက် ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် အသက် ၃၁နှစ် အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article