Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ချင်းပြည်နယ်၊ ပလက်၀မြို့နယ်က နှုံးဘူးဗျူဟာကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ရာ ပလက်၀ မြို့နယ် က စစ်ကောင်စီရဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုံးဗျူဟာစခန်း ၂ ခုစလုံးကို AA က တိုက်ခိုက် သိမ်းပိုက်နိုင်ပြီလို့ AA က တရားဝင်သတင်းထုတ်ပြန်ပါတယ်။
– ကရင်ပြည်နယ်၊ KNU ဆောထိမြို့နယ်က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စွန့်ခွာ ထွက်ပြေးသွားတဲ့ ကွန်ဖဲ့စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
– မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်တို့မှာ စစ်ရေးတင်းမာမှုတွေဖြစ်နေတာကြောင့် ပုလဲမြို့နယ် အတွင်း ရက်ရှည်ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေနဲ့ ကုန်တင်ကားဆရာ စုစုပေါင်း ၄၀၀ ခန့်တို့ကို ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကူညီထောက်ပံ့ပေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
