22 C
Yangon

ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဘုတလင်ရဲစခန်း၊ မုံရွာ၊ သာစည်ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဘုတလင်ရဲစခန်း၊ မုံရွာ၊ သာစည်ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ၊ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူ့လယ်ယာများကို ရိတ်သိမ်းခိုးယူရန် ထွက်လာသော ပျူစော ထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုအားမာန်မြို့ပြ‌ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာမှ ပျူစောထီး များသည် ပြည်သူ့လယ်ယာများ ရိတ်သိမ်းခိုးယူရန် ထွက်လာစဉ် မိုင်း ၃ လုံးပွိုင့် ၂ ပွိုင့်ဖြင့်ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ဖိုးငါးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ပျူစောထီးခေါင်းဆောင် ပုဇွန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ မြင်းချင်းပျူရွာ၊ သီးလုံးပျူရွာမှ ပျူစောထီးများသည် ယခင်ကနှစ်များက လည်းကျောင်းမြင့်ကျေးရွာမှ ပြည်သူများ၏ လယ်ယာများကို မတရား ခိုးယူရိတ်သိမ်းလျက်ရှိပြီး ယခုလည်း ထိုသို့ လာရောက်ရိတ်သိမ်းမည်ဟု ကြိုတင်သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ တန ၂ တပ်ပေါင်းစု၊ ရွှေဘိုပြည်သူ့ လုံခြုံရေးတပ်ဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖျံ People Defense Force နှင့် ဗိုလ်လင်း ရောင် (ဒီပဲယင်း) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းနှင့် စစ်တပ်စစ်ကြောင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KLG PDF ကျောက်လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မုံရွာမြိုနယ်၊ ကြီးပဒုံရွာမှ ထွက်လာသော အကြမ်း ဖက် စစ်ကြောင်းကို ဇီးတောရွာအနောက်ဘက်အရောက် 1KG ဗုံးသီးတလုံးချ တိုက်ခိုက်ခဲပြီး ညနေ ၃ နာရီခန့်တွင် ဘုတလင်မြို ရဲစခန်းကို 1KG ဗုံသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းက ဘုတလင်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကြောင်းပါ၊ အခုတော့ ဘုတလင်မြို့ထဲ ပြန်ဝင်သွားပြီ။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသေဆုံးမှု အတည်ပြုနိုင်ခြင်းမရှိသေးပါ ဘူး” ဟု KLG PDF ကျောက်လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံ သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို KLG PDF – ‌‌ကျောက်လုံးကြီး၊ Ninja PDF နှင့် နယ်မြေခံ ပကဖတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် မုံရွာမြိုနယ်၊ သာစည်ရဲစခန်းကို Shar Htoo Waw နည်းပညာသုံး ဒရုန်း ၃ စီး အသုံးပြု၍ ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက် ခိုက်မှုကို KLG PDF ကျောက်လုံးကြီး၊ Ninja PDFနှင့် နယ်မြေခံပကဖ (Phoenix) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ တိုက်ခိုက်ရေးဒရုန်းနှင့် ဗုံးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article