29 C
Yangon

နမ့်ခမ်း၊ မူဆယ်၊ သီပေါနှင့် လားရှိုးမြို့နယ် တို့ကို စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

နမ့်ခမ်း၊ မူဆယ်၊ သီပေါနှင့် လားရှိုးမြို့နယ် တို့ကို စစ်တပ်က လေကြောင်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

■ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ်တို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကာ သီလရှင်ကျောင်းအပါအဝင်နေအိမ် ၂၂ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၁ ရက် ညပိုင်းက တအာင်းပြည်နယ်၊ တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က ဂျက်လေယာဉ် တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက် အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံး ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ တစ်နေ့လုံး စစ်ကောင်စီ၏ နမ့်ဖက်ကာတပ်စခန်းမှ နမ့် ခမ်းမြို့တွင်းသို့ လက်နက်ကြီးဖြင့် ၃၇ ကြိမ် ပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ၁၀ ကြိမ်၊ Y 12 လေယာဉ်ဖြင့် ဗုံး ၁၁၂ လုံး ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၁ ရက် ညနေ ၄ နာရီခန့်တွင် မူဆယ်မြို့နယ်၊ တုံခန်ရွာနှင့် ဟိုနောင်ရွာအနီး သို ဂျက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခဲ့သည့်အပြင် စစ်ကောင်စီ၏ ဗျူဟာကုန်း တပ်စခန်း မှ ပြည်သူများ နေထိုင်ရာ ၁၀၅ မိုင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ဦးတည်တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းကလည်း စစ်ကောင်စီ၏ တိမ်တောင်တပ်စခန်းမှ သီပေါမြို့နယ်အတွင်း သို့ လက်နက်ကြီးများဖြင့် တစ်ညလုံးနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာရှိ ရွှေမောင်းသီလရှင်ကျောင်းတိုက်အပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး သီလရှင်ကျောင်းဆောင်အချို့ ထိ ခိုက်ပျက်စီးကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်တွင် လာရှိးမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သိန္နီမြို့ရပ်ကွက် ၁ ဈေးတန်းရပ်ကွက်အတွင်းသို့ ကျ ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ စစ် ကောင်စီတပ်မှ အရပ်သားပြည်သူများနေထိုင်သည့် မြို့ပြနှင့် ကျေးရွာများကို လက်နက်ကြီး၊ လေ ကြောင်းအသုံးပြု ဗုံးကြဲတိုက်မှုကြောင့် တအာင်းပြည်နယ်အတွင်းရှိ အရပ်သားနေအိမ် ၂၈၂ လုံး ထိ ခိုက်မီးလောင်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

အလားတူ ပဲခူးတိုင်း၊ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ တောင်ငူလေတပ်စခန်းမှ တက်လာသော ဂျက်တိုက်လေယာဥ် ၁ စီးက အော်လီဂန်းဖြင့် ကိုင်းတဲစု၊ ကညင်ဒိုင်းရွာနှင့် ဌက်ပျောတော ရွာများကို ၃ ကြိမ်ခန့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ကိုင်တဲစုကျေးရွာတွင်နေထိုင်သည့် အသက် ၈ နှစ်အရွယ် ဂျူးဂျူးလှိုင် လက်ရှပ်ထိကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၃ နှစ်အရွယ် ဒေါ်စန်းထွေး ဝမ်းဗိုက်နှင့်လက်မောင်း တို့ကို ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article