Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံ မြိုနယ်အတွင်းရှိ စစ်ကောင်စီ တပ် စခန်းတချို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ လေကြောင်း၊ ရေကြောင်း တွေကလည်း လက်နက်ကြီး၊ ငယ်တွေနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေသလို ချင်းပြည်နယ် ပလက်၀မှာ လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
-စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဥ်၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဗုံးကျဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
– ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့ နယ်၊ မန်တုံမြို့နယ်နှင့် မူဆယ်မြို့နယ်တို့မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
