36 C
Yangon

လတ်တလော တွေ့မြင်နေရသော သတင်းတချို့ကြောင့် မြန်မာပြည်သူများ စိုးရိမ် ပူပန်မှုများရှိနေသည့်အပေါ် သိရှိထားပြီး စိတ်မပူကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ရည်မှန်းချက်ကို မည်သည့်အခါမှ လျစ်လျူရှုမည်မဟုတ်ဟု ကြေညာ

Must read

လတ်တလော တွေ့မြင်နေရသော သတင်းတချို့ကြောင့် မြန်မာပြည်သူများ စိုးရိမ် ပူပန်မှုများရှိနေသည့်အပေါ် သိရှိထားပြီး စိတ်မပူကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ရည်မှန်းချက်ကို မည်သည့်အခါမှ လျစ်လျူရှုမည်မဟုတ်ဟု ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ကိုးကန့် MNDAA ၊ တအာင်း TNLA နှင့် ရခိုင် AA တို့ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က လတ်တလော တွေ့မြင်နေရသော သတင်းတချို့ကြောင့် မြန်မာပြည်သူများ စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို သိရှိထားပြီး ပြည်သူများအနေဖြင့် မစိုးရိမ်ကြရန် ထုတ်ပြန်ကြေညာလိုက်သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်း ထုတ်ပြန်သော ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန် ကြေညာချက်တွင် “လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။

ထို့ပြင် တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူ လူထုတစ်ရပ်လုံးမှ မျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက်များကို မိမိတို့အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှု သွားမည် မဟုတ်သည့်အပြင် နောက်လှည့်၍သွားမည့်သူများ မဟုတ်ကြောင်း အသိပေးလိုက်ကြောင်း ထပ်မံရေးသားဖော်ပြထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်စခန်းများ၊ ပြည်သူလူထုကို ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများအား တစ်ခုပြီးတစ်ခု တိုက်ထုတ်ရင်း ဆက်လက် ရွေ့လျား လျက်ရှိကြောင်း၊ တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်နှင့် (၃) ဖွဲ့စလုံး၏ စုပေါင်းရည်မှန်းချက်တို့သည် အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဆိုသော်ငြားလည်း အလုံးစုံသောရည်မှန်းချက် ပြည့်ဝရန်အတွက်မူ အချိန်ကာလတစ်ခုအထိ ဆက်လက် ကြိုးစားတိုက်ပွဲဝင်ရဦးမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

လတ်တလောတွင် အကြမ်းဖက်စစ်ကောင်စီက ညီနောင်မဟာမိတ် ၃ ဖွဲ့ကို တရုတ်၏ အကူအညီဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်ထားပြီး ယခုလကုန်တွင် ထပ်မံ လုပ်ဆောင်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အကြမ်းဖက် ဇော်မင်းထွန်းက ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article