26 C
Yangon

မွန်ပြည်နယ်ရှိ တော်လှန်ရေးတပ်များကို စုစည်းပြီး မွန်ပြည်နယ်တပ် အဖြစ်ဖွဲ့စည်းကာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်မည်ဟု မွန်ပြည် ဖက်ဒရယ်ကောင်စီက ကြေညာ

Must read

မွန်ပြည်နယ်ရှိ တော်လှန်ရေးတပ်များကို စုစည်းပြီး မွန်ပြည်နယ်တပ် အဖြစ်ဖွဲ့စည်းကာ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်မည်ဟု မွန်ပြည် ဖက်ဒရယ်ကောင်စီက ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်များ စုစည်းပြီး မွန်ပြည်နယ်တပ်အဖြစ် ဖွဲ့စည်းကာ အ ကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

မွန်ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်နေသည့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းရန် တော်လှန်ရေးအင်မတန်အရေးကြီးသဖြင့် မွန်ပြည်တော်လှန်ရေးတပ် (Mon State Revolution Force – MSRF) နှင့်

မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ (Mon State Federal Council – MSFC) တို့၏ နှစ်ဖက်ခေါင်းဆောင်များ ဆွေးခဲ့ရာ မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေး ဦးဆောင်မှုကိုခံယူပြီးမွန်ပြည်တော်လှန်ရေးတပ်မှ မွန်ပြည်တပ် (သို့မဟုတ်) မွန်ပြည်နယ်တပ်အဖြစ်ရပ်တည်သွားမည်ဖြစ် ကြောင်း သိရသည်။

“ကျနော်တို့ မွန်ပြည် ဖက်ဒရယ်ကောင်စီက အမှန်မှာကတော့ ပြည်နယ်ယူနစ်တစ်ခုဖြစ်တယ်ပေါ့၊ စစ်အာဏာသိမ်းပြီး ၂၀၂၁ ဧပြီလက စတင်ဖွဲ့ စည်းခဲ့တယ်၊

မွန်ပြည်တော်လှန်ရေးတပ်ကလည်း သူတို့ ရပ်တည်ရေးအတွက် ကျနော်တို့ထောက်ပံ့ခဲ့ပါတယ်၊ အဲဒါနဲ့ မွန်ပြည်ဖက်ရယ်ကောင်စီအနေနဲ့ ကျ နော်တို့ရဲ့ ပြည်နယ်တပ်ကို တိတိကျကျမသတ်မှတ်ထားသေးဘူးပေါ့နော်၊ အဲဒါနဲ့ လွန်ခဲ့တဲ့နိုဝင် ဘာလ လောက်မှာ စတင်ဆွေးနွေးပြီးတော့ လုပ်ဖြစ်တယ်၊

ကျနော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ မှာ ကျနော်တို့နဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ရေးပေါ့၊ ကျနော်တို့ကတော့ နိုင်ငံရေး ပိုင်း ဖြစ်ပါတယ်၊ စစ်ရေးနဲ့ ကာကွယ်ရေးကတော့ ကျနော်တို့ မွန်ပြည်နယ်မှာရှိတဲ့ တပ်တွေပေါ့နော်၊ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေတဲ့ တပ်တွေအားလုံး ကျနော်တို့စုစည်းဖို့ စတင်ပြီးဆောင်ရွက် နေပါတယ်၊

အဲဒါကြောင့်လည်း ကျနော်တို့နဲ့ အနီးစပ်ဆုံး ဖြစ်တဲ့ ကျနော်တို့ကူညီထောက်ပံ့ ပံ့ပိုးခဲ့တဲ့ MSRF ကလည်း ကျနော်တို့ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ကျနော်တို့ရဲ့ ကာကွယ်ရေး မူဝါဒအပေါ်မှာ မူ တည် ပြီးတော့မှ အတူတူပေါ့၊ ကျနော်တို့ကတော့ နိုင်ငံရေးပေါ့၊ သူတို့ကတော့ ကာကွယ်ရေး ဘက် ပိုင်း ပေါ့၊

အဲဒါကို ဆက်လက်လုပ်ဆောင်သွားဖို့ သဘောတူညီချက်ရခဲ့တာပါ၊”ဟု မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြော ကြားသည်။

မွန်ပြည်တော်လှန်ရေးတပ်သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုဖြင့် အ ကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ဆင်ရေးလိုအပ်ချက်များကို မွန်ပြည်ဖက် ဒရယ်ကောင်စီမှ တာဝန်ယူဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း၊

မွန်ပြည်တော်လှန်ရေးတပ်နှင့် မွန်ပြည် ဖက်ရယ်ကောင်စီတို့သည် ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ ယနေ့ ဒီဇင် ဘာလ ၁၅ ရက်နေ့မှ စ၍ အတူလက်တွဲကာ အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းပြီး ပြည်သူလူထု အတွက် ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

“တခြားအဖွဲ့အစည်းတွေကျတော့ အများသောအားဖြင့်က ကျနော်တို့ မွန်ပြည်တော်လှန်ရေးတပ်နဲ့ တခြားသောတပ်တွေက မဟာမိတ်အနေနဲ့ ရှိနေပါတယ်၊ တချို့တပ်တွေကျတော့ အများသော အား ဖြင့် စစ်ကြောင်းတွေပေါ့၊ တပ်တွေအများကြီးပါတဲ့ စစ်ကြောင်းတွေရှိတယ်၊ တချို့ကတော့ ဒေသမှာ ရှိတဲ့ Local PDF တွေပါတယ်၊

တချို့ကျတော့လည်း NUG က ဖွဲ့စည်းထားတဲ့ စစ်ကြောင်းတွေရှိ တယ်ပေါ့နော်၊ အဓိကတော့ ဒေသတွင်း ပေါ့နော်၊ မွန်ပြည်နယ်ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ တော်လှန်ရေးတပ်တွေနဲ့တော့ချိတ်ဆက်ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ဒါပေမယ့် သူတို့ ကတော့ ပြည်နယ်တပ်အနေနဲ့ ရှိနေမလား၊မရှိဘူးလားဆိုတာကတော့ သူတို့ရဲ့သဘောပါပဲ။

ကျနော်တို့ဘက်ကတော သူတို့ကို အတတ်နိုင်ဆုံး စစ်အာဏာရှင်တော်လှန်တဲ့ အချိန်မှာ ပံ့ပိုးပေး သွားမယ်၊ နောက်ပြီးတော့ တစ်ချိန်တည်းမှာပဲ တော်လှန်ရေးတပ်ပေါင်းစုတွေ၊ တော်လှန်ရေး မဟာ မိတ်အဖွဲ့တွေ ပေါ်ပေါက်လာအောင်၊ နောက်ပြီးတော့ ဒီမွန်ပြည်တော်လှန်ရေး တပ်နဲ့အတူ စစ်အာ ဏာရှင်စနစ်ကို တိုက်ခိုက်နိုင်အောင် ကျနော်တို့ဘက်က ကြိုးစားဆောင် ရွက်နေပါတယ်။” မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့‌ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article