24 C
Yangon

စစ်ကောင်စီက ဦးစီးကျင်းပမည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများ ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံရေး အထူးတင်းကျပ်ရန် လျှို့ဝှက် ညွှန်ကြား

Must read

စစ်ကောင်စီက ဦးစီးကျင်းပမည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများ ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံရေး အထူးတင်းကျပ်ရန် လျှို့ဝှက် ညွှန်ကြား

■ ဖုန်းယူမလာရ၊ အခမ်းအနားပြီးဆုံးသည်အထိတက်ရမည်၊ လက်ကိုင်အိတ်မယူရ၊ X-ray စက် ဖြတ်ရမည် အပါအဝင် စစ်ဆေးရမည့် အချက် ၁၁ ချက် လုပ်ဆောင်ရမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် ၇၆ နှစ်မြောက် လွတ်လပ်ရေး အခမ်း အနားများတွင် ဗုံးခွဲခံရမည်စိုးရိမ်၍ လုံခြုံ ရေး အထူးတင်း ကျပ်ရန် လျှို့ဝှက် ညွှန်ကြားချက်များ ထုတ်ပြန်လိုက်ကြောင်း စစ်ကိုင်းတိုင်း စစ်ကောင်စီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် လုပ်ဆောင်စစ်ဆေးရမည့် စည်းကမ်းချက် ၁၁ ချက်ကို စစ်ကောင်စီက တိုင်း/ပြည်နယ်စစ်ကောင်စီများသို့ လျှို့ဝှက် ပေးပို့လိုက်ပြီး ယင်းတို့အထဲတွင်

၁- ဆေးလိပ်/မီးခြစ်များ ယူဆောင်လာခြင်းမပြုရန်

၂-ကွမ်းယာဗူး/ကွမ်းယာထည့်ထားသည့် ပလတ်စတစ်အိတ်များ ယူဆောင်လာခြင်းမပြုရန်။

၃-သတ်မှတ်ထားသည့် လည်ဆွဲကတ်များ ချိတ်ဆွဲထားရှိရန်။

၄- သတ်မှတ်ထားသော Phone Pass များ ပါရှိသူများသာ Phone ယူဆောင်စေပြီး Phone Pass မပါပါက ဖုန်းများကို အခမ်းအနားကျင်းပသည့် နေရာသို့ ယူဆောင်ခွင့်မပြုရန်။

၅-မော်တော်ယာဉ် ဝင်/ထွက်ကတ်များအား ယာဉ်၏ ရှေ့ခန်းလေကာမှန်တွင် ကပ်ထားရန်။

၆- အခမ်းအနားသို့ ခွင့်ပြုချက်ပေးထားသူများမှအပ ဓာတ်ပုံရိုက်ခြင်းမပြုလုပ်

ရန်။

၇-အခမ်းအနားသို့ တက်ရောက်လာသူအားလုံးသည် လက်ပွေ့အိတ်များ လက်ကိုင်အိတ်များ သယ်ယူလာခြင်းမပြုရန်။

၈- ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများကို အိတ်အကြည်ဖြင့်သာ ထည့်သွင်းယူဆောင်လာရန်

၉-အခမ်းအနားတက်သူများအားလုံးသည် အခမ်းအနားပြီးဆုံးသည်အထိ တက်ရန်နှင့် ကျန်းမာရေးကိစ္စရှိလျှင် သက်ဆိုင်ရာသို့ သတင်းပို့ပြီးမှ သွားရန်။

၁၀- X-ray / Walk Through စက်များဖြင့် အစစ်ဆေးခံသွားရန်နှင့် နှလုံးစက်တပ်ထားသူများပါရှိလာပါက သီးခြား သတင်းပေးပို့သွားကြရန်။

၁၁- အခမ်းအနားသို့ တက်ရောက်လာသူအားလုံးသည် ဝင်/ထွက်ခွင့်ပြုထားသည့် နေရာနှင့် သတ်မှတ်ထားသည့်နေရာမှအပ ကန့်သတ်နေရာများသို့ သွားလာခြင်းမပြုရန် တို့ကို စစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ထို့ပြင် စစ်ကောင်စီက အခမ်းအနားကျင်းပမည့် နေရာများတွင် ဒရုန်း Jammer များ တပ်ဆင်ထားရန် ညွှန်ကြာထားပြီး အခမ်းအနားကျင်းပနေသည့်နေရာနှင့် ၃ မိုင်ပတ်လည်တွင် လုံခြုံရေးများများ တင်းတင်းကျပ်ကျပ် ချထားရန် ရဲနှင့်စစ်ဘက်ဆိုင်ရာများကို လျှို့ဝှက်သီးခြားညွှန်ကြားမှုများ ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article