33 C
Yangon

စစ်အာဏာရှင်စနစ်ကိုဖြိုဖျက်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ခိုင်ခိုင်မာမာရပ်တည်မည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ထပ်မံ ကတိပြု

Must read

စစ်အာဏာရှင်စနစ်ကိုဖြိုဖျက်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ခိုင်ခိုင်မာမာရပ်တည်မည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ထပ်မံ ကတိပြု

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကရင်အမျိုးသားအစည်းအရုံးအနေနှင် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပစ်၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ခိုင်ခိုင်မာမာရပ်တည်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်အောက်ရှိ စစ်သားများအနေနှင့် စစ်အာဏာရှင်ကိုသာ အကျိုးဖြစ်စေသည့် အလုပ်များကို ထားခဲ့၍ တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း KNU ကရင်အမျိုးသားအစည်းရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ပြည်သူလူထုထံ သတင်းစကားပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံးအနေနှင် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ပစ်၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ခိုင်ခိုင်မာမာရပ်တည်သွားမည်ဖြစ်ပြီး အဆိုပါ ဝါဒနှင့် စနစ်ကို ဖျက်သိမ်းပစ်၍ မရပါက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်၍ ရနိုင်မည် မဟုတ်သကဲ့သို့ လွတ်လပ်ပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်ပြည်ကို ထူထောင်၍ ရမည် မဟုတ်ကြောင်း KNU ကရင်အမျိုးသားအစည်းရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ ပြည်သူများသို့ ပြောကြားသည်။

စစ်အာဏာရှင် အုပ်ချုပ်ရေးကို ဖြိုချဖျက်ဆီးပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် ရည်မှန်းချက်တူညီသည့်၊ ဖြတ်သန်းမှုတူညီသည့် တိုင်းရင်းသားလူမျိုးများ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ပြီး KNU အနေနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ စစ်ရေးနိုင်ငံရေးပိုင်း ဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်နေကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံးအနေနှင့် ပြည်တွင်းရှိ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေသည်သာ မက နိုင်ငံတကာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံတကာအစိုးရများနှင့်ပါ တွေ့ဆို၍ မြန်မာနိုင်ငံ၏ မတရားဖိနှိပ်အုပ်ချုပ်နေသည့် စနစ်ကို ပြောင်းလဲနိုင်ရန်အတွက် သိရှိနားလည်သဘောပေါက်ကာ ကူညီနိုင်ရန် လုပ်ဆောင်နေကြောင်း၊ မြန်မာပြည်သူများအနေနှင့် စစ်ပွဲကြောင့် ပြည်တွင်း နေရပ်စွန့်ခွာနေရသူများ၊ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသူများ၊ နိုင်ငံရပ်ခြားသို့ ကူး၍ ထွက်ပြေးခိုလှုံနေရသူများ အကူအညီရရှိနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့များနှင့် ချိတ်ဆက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း KNU ကရင်အမျိုးသားအစည်းရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

ထို့ပြင် တော်လှန်ရေးကာလ ကြာရှည်လာသည်နှင့် အမျှ ပြည်သူများသည် အခက်အခဲများနှင့် ပိုမို ရင်ဆိုင်ကြုံတွေ့လာရသော်လည်း နိုင်ငံ စနစ်ပြောင်းလဲရန်အတွက် တော်လှန်မှုများတွင် ပြည်သူများ မပါဝင်ဘူးဆိုလျှင် KNU အနေနှင့် မရပ်တည်နိုင် ၊ မလုပ်ဆောင်နိုင်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

“ကျွန်တော်တို့ သတိပြုရမှာက စစ်အုပ်စုကို အထောက်အကူဖြစ်မယ့် အင်အားဖြစ်စေမယ့် အရာတွေကို အလုပ်တွေကို ကျွန်တော်တို့ မလုပ် ဆောင်ကြဘဲ ဆန့်ကျင်ရှောင်ကြဉ်ကြပြီး တော်လှန်ရးအဖွဲ့အစည်းရဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေကိုပဲ ပူးပေါင်း ပါဝင်လုပ်ဆောင်ကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်” ဟု ကရင်အမျိုးသားအစည်းရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် လေယာဉ်များကို အသုံပြုပြီး ဗုံးကျဲခြင်း၊ ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ရွာတွင်ရှိသည့် အိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ လူထုပိုင် ပစ္စည်းများကို ပစ်ခတ်ဖျက်ဆီးခြင်း၊ တိုက်ပွဲဖြစ်ပွားသည့် အနီးတစ်ဝိုက်သို့ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများ၊ အမြောက်များနှင့် ပြည်သူများ နေထိုင်သည့် ကျေးရွာအတွင်းသို့ ပစ်ခတ်၍ ပြည်သူပိုင် ပစ္စည်းများ၊ ပြည်သူများ၏ အသက်များကို ဖျက်ဆီးနေပြီး အဆိုပါ လုပ်ရပ်များသည့် နိုင်ငံတကာစစ်ရာဇဝတ်မှုကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲများတွင် ၎င်းတို့ကို လက်နက်ကိုင် ဆန့်ကျင်သည့် အင်အားစုများကိုသာ မက ပြည်သူနှင့် ပြည်သူပိုင် ပစ္စည်းများအပြင် တော်လှန်ရေးကို အပံ့အပိုဖြစ်စေမည့် အရာများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖျက်ဆီးနေကြခြင်းဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ကျေးရွာများကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ပြည်သူများကို တရားလက်လွှတ်ဖမ်းဆီးသတ်ဖြတ်ခြင်းများကို စိတ်တိုင်းကျ လုပ်ဆောင်နေကြောင်း၊ စစ်ရေးဆိုင်ရာ ပစ်မှတ်များ မဟုတ်သည့် ဆေးရုံဆေးခန်းများ၊ စာသင်ခန်းများ၊ ဘာသာရေးအဆောက်အအုံများ၊ လူထုပိုင်ပစ္စည်များကို ရှောင်ရှားရန်မှာ နိုင်ငံတကာက သတ်မှတ်ထားသည့် စစ်တပ်များ စောင့်ထိန်းရမည့် ကျင့်ဝတ်ဥပဒေစည်းကမ်းအတိုင်း ရှောင်ရှားရမည်ဆိုသော်လည်း စစ်ကောင်စီတပ်သည် ရှောင်ရှားခြင်းများ မရှိသည့်အတွက် နိုင်ငံတကာသဘောတူညီထားသည့် စစ်ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံးဦးဆောင်မှုအောက်ရှိ တပ်များ၊ အခြား ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ၊ အခြား တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသည့် ကာလတွင် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအပြင် လူ့အခွင့်အရေးကို အကာအကွယ်ပေးခြင်းနှင့် ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို အတူတကွလေးစားလိုက်နာရန် ရဲဘော်များနှင့် တကွ ပြည်တွင်းရှိ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေသည့် အဖွဲ့အစည်းအားလုံးကို အသိပေးတိုက်တွန်းနှိုးဆော်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်လုပ်ဆောင်နေသည့် စစ်ရေးဆိုင်ရာ အစီအမံများကို ကြည့်လျှင် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးနှင့် လူထုအတွက် အကျိုးမပြုသည့် တိုင်းပြည်အုပ်ချုပ်ရေးကို ဖော်ဆောင်ချင်နေခြင်းသာ ဖြစ်ပြီး အကျိုးစီးပွားသည် စစ်တပ်တစ်ခုလုံးအတွက် မဟုတ်ဘဲ ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့် သူတို့၏ စီးပွားဖက်များအတွက်သာ ဖြစ်ကြောင်း၊ ရှေ့တန်းတွင် အသက်စွန့် ကိုယ်ကျိုးစွန့်သည့် စစ်သားများအနေနှင့် မည်သည့် အကျိုးခံစားခွင့်မှ ရှိမည်မဟုတ်ဘဲ ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုများသည်လည်း တိုင်ရင်းသားပြည်သူတစ်ရပ်လုံးအတွက် မည်သည့် အကျိုးမျှ ဖြစ်စေမည် မဟုတ်ဘဲ အာဏာသိမ်းထားသည့် စစ်အာဏာဏာရှင်များသာ အကျိုးဖြစ်စေမှာ ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်လက် ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ရဲဘော်တပ်သားတွေကို တိုက်တွန်းလိုတာက ကိုယ့်အတွက် ဘာမှ အကျိုးမရှိဘဲ စစ်အာဏာရှင်ကိုသာ အကျိုးဖြစ်စေတဲ့ အလုပ်တွေကိုထားခဲ့ပြီး ကျွန်တော်တို့ တော်လှန်ရေးရဲ့ ဦးဆောင်မှုဆီ၊ တိုင်းရင်းသားတော်လှန်ရေးတွေနဲ့ လာရောက်ပူးပေါင်းပြီး လူထုအတွက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article