33 C
Yangon

ကော့ကရိတ်မြို့နယ်ရှိ ကော့နွဲ့စစ်တပ်စခန်းအပါအဝင် စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး မြ၀တီ-ကော့ကရိတ် အာရှလမ်းပေါ်ရှိ ကော့နွဲ့တံတား လုံး၀ ကျိုးသွားပြီ

Must read

ကော့ကရိတ်မြို့နယ်ရှိ ကော့နွဲ့စစ်တပ်စခန်းအပါအဝင် စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီး မြ၀တီ-ကော့ကရိတ် အာရှလမ်းပေါ်ရှိ ကော့နွဲ့တံတား လုံး၀ ကျိုးသွားပြီ

■ ၁၅ ရက်တာ တိုက်ပွဲအတွင်း ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီးကို တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ပြီး စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့နွဲ့စစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးကြောင်း၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းပေါ်ရှိ ကော့နွဲ့တံတား လုံး၀ ကျိုးသွားပြီ ဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ တွင် KNLA ဦးဆောင်သော တော် လှန်ရေးတပ်များက ကော့နွဲ့စစ်စခန်းကို နာရီဝက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ၊ တော် လှန်ရေး ရဲဘော် ၁ ဦးကျဆုံးကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မြ၀တီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့တံတားမှာ လုံး၀ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

“ကော့နွဲ့တံတားကတော့ အပိုင်းပိုင်းကို ကျိုးသွားပြီ။ ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီးက ဆက်သွယ်ရေးက လုံး၀ ပြတ်တောက်သွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၁၅ ရက်တာ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ရေကူးကန်တွင် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ တိုက်ပွဲဖြစ်ပြီး စစ်တပ် တပ်မ ၂၂ ၊ ခမရ ၂၀၂ မှ စစ်သား ၅ ဦးသေဆုံးကြောင်း၊ အဆိုပါတိုက်ပွဲတွင် KNLA ၊ နဂါးဖြူနှင့် SOF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရျိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့နယ်၊ ရေကူးကန်တိုက်ပွဲတွင် KNLA ၊ နဂါးဖြူနှင့် SOG တို့ ပါဝင်တိုက်ခိုက်ခဲ့ပြီး နံနက် ၄ နာရီ ၁၅ မိနစ်မှ နံနက် ၉ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ BGF နှင့် ခမရ ၃၄၂ မှ စစ်သား ၁၀ ဥိးသေဆုံးကြောင်း သိရှိရသည်။

ယင်းနောက် တောက်လျှောက်ဆိုသလို နဂါးဖြူ ၊ SOG နှင့် ဒေါ အပါအဝင် တော်လှန်ရေးစစ်ကြောင်းများက အာရှလမ်းမ တစ်လျှောက် တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး စစ်တပ်ဘက်မှ စုစုပေါင်း ၃၀ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။

လက်ရှိတွင် KNLA ၊ နဂါးဖြူနှင့် ပူးပေါင်းမဟာမိတ်တပ်များက ကော့ကရိတ်မြို့ရှိ စစ်တပ်စခန်းတချို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးနှင့် အာရှလမ်းမကြီးကို လုံး၀ ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article