27 C
Yangon

စစ်ကောင်စီက MNDAA တပ်ကို တိုက်လေယာဉ်ဖြင့် စတင် ဗုံးကျဲသဖြင့် လောက်ကိုင်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

Must read

စစ်ကောင်စီက MNDAA တပ်ကို တိုက်လေယာဉ်ဖြင့် စတင် ဗုံးကျဲသဖြင့် လောက်ကိုင်မြို့နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက MNDAA ၏ ခံတပ်များကို တိုက်လေယာဉ်ဖြင့် စတင်ဗုံးကျဲသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းအချိန် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် MNDAAခံတပ်ကို သုံးကြိမ် တိုင်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ပြီး ယနေ့တွင် ကိုးကန့်လောက်ရှမ့်ထန်နေရာတကြောတွင် တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ညနေပိုင်းမှစပြီး ကိုးကန့်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများပြေလျော့လာခဲ့ကြောင်း၊ သို့သော် ယမန်နေ့ညနေတွင် စစ်ကောင်စီသည် ကိုးကန့်လောက်ရှမ့်ထန်နေရာရှိ MNDAA၏ခံတပ်ကိုစတင် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နှင့် ဖီဖာရွှေနေရာမှနေ၍ MNDAA၏ခံတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ညအချိန်တွင် လေကြောင်းဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး ည ၆ နာရီ ၂၄ မိနစ်အချိန်မှ ည ၇ နာရီ ၄၀ မိနစ် အချိန် အတောအတွင်းတွင် စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် MNDAA၏ခံတပ်ကို ၃ ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့နေ့လယ်ပိုင်းတွင်လည်း စစ်ကောင်စီ၏ရန်စပစ်ခတ်တိုက်ခိုက်မှုအောက်တွင် MNDAAက ခုခံသည့် အနေဖြင့် တုန့်ပြန်တိုက်ခိုက် လိုက်ပြီး နှစ်ဖက် ကိုးကန့်လောက်ရှမ့်ထန်နေရာတစ်ကြောတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နေ့လယ်အချိန်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- MNDAA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article