28 C
Yangon

မြို့သာမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

မြို့သာမြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ မြို့သာမြို့မ ရဲစခန်းအတွင်းရှိ စခန်းမှူး အိမ်ယာကို ဗုံးသီး ၂ လုံး၊ ဝန်ထမ်းအိမ်ယာကို ဗုံးသီး ၂ လုံး၊ ရဲရိပ်သာဆောင်ကို ဗုံးသီး ၂ လုံး၊ ကတုတ် ကျင်းထဲကို ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ ယင်းဒဏ်ရာရရှိသူများအနက် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၂ ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျား(မြင်းခြံ)တပ်ဖွဲ့မှ Shar_Htoo_Waw နည်းပညာ Fixed wing Drone ဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article