ထားဝယ်မြို့နယ်၊ ဘုရားမဲ စစ်တပ်ဂိတ်ကို အလစ်အငိုက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲစစ်ကောင်စီဂိတ်ကို အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Dawei Guerilla Revolutionary Force – DGRF တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၈ ရက် မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရား မဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ် အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၂ ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြု နိုင်ခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Dawei Guerilla Revolutionary Force – DGRF တပ်ဖွဲ့၊ တပ်ခွဲ ၂ နှင့် ဥဩ စစ်ကြောင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ဒဏ်ရာ ရရှိခဲ့ သော်လည်း ဆေးအဖွဲ့၏ အချိန်မီကုသမှုကြောင့် စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း သိရ သည်။
နိုဝင်ဘာလ နှင့် ဒီဇင်ဘာလအတွင်း၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သဖြင့် ခဲယမ်းလိုအပ်ချက်ဖြစ်ပေါ်လျက်ရှိပြီး မိဘ ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီပေးကြပါရန် မေတ္တာ ရပ်ခံတောင်းဆိုထားသည်။