37 C
Yangon

မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်က စီးပွားရေးသမား နိုင်ဖြိုးကျော်၊ ဝေမင်းမောင်တို့နှင့်အတူ NPK Motor ကုမ္ပဏီထူထောင်ပြီး မြန်မာ နိုင်ငံသို့ လျှပ်စစ် ကား တင်သွင်းခွင့် နှင့် MG Myanmar ကားများကို တင်သွင်းခွင့်ရရှိထား

Must read

မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်က စီးပွားရေးသမား နိုင်ဖြိုးကျော်၊ ဝေမင်းမောင်တို့နှင့်အတူ NPK Motor ကုမ္ပဏီထူထောင်ပြီး မြန်မာ နိုင်ငံသို့ လျှပ်စစ် ကား တင်သွင်းခွင့် နှင့် MG Myanmar ကားများကို တင်သွင်းခွင့်ရရှိထား

■ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်ကားများအတွက် EV Charging Station များ တည်ဆောက်ခွင့် မင်းအောင်လှိုင်သမီးကုမ္ပဏီက ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖောက်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ် ကားများနှင့် MG Myanmar ကားများကို တင်သွင်းရရှိထားကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်သည် 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ တည်ဆောက်လုပ်ကိုင်ရာတွင်လည်း ဝေယံမင်းမောင်၊ နိုင်ဖြိုးကျော်တို့နှင့်အတူ လုပ်ကိုင်ခဲ့ပြီး ယခုအခါ NPK Motor Co Ltd ကုမ္ပဏီ တည်ထောင်၍ မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ်ကားများ၊ MG Myanmar ကားများ တင်သွင်းနေကြောင်း၊ မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ကုမ္ပဏီ NPK Motor က လျှပ်စစ်ကားနှင့် ပြည်ပမှ ကားများကို စိတ်ကြိုက်တင်သွင်းခွင့် ရရှိထားကြောင်း သိရှိရသည်။

“ဘာပါမစ်လျှောက်လျှောက် စားအုန်းဆီ၊ စက်သုံးဆီ၊ မြေဩဇာ၊ နိုင်ငံခြားဆေးဝါး ပြည်ပ သွင်းကုန် ဘာပဲ သွင်းသွင်း စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ သုံးငွေကြီးကြပ်မှု ကော်မတီက ခွင့်ပြုမှ စီးပွားကူးသန်းက ပါမစ်ထုတ်ပေးတာ။ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်ရဲ့ ကုမ္ပဏီကတော့ အဲဒါတွေကို လျှောက်ထားစရာ ဖြတ်စရာမလိုဘူး။ ခင်သီရိသက်မွန်ရဲ့ လူယုံ စီးပွားရေးသမားက တော့ နိုင်ဖြိုးကျော်ပေါ့။ သူကလွဲပြီး မင်းအောင်လှိုင်သမီးဆီ ဘယ်သူမှ ဝင်ထွက်လို့မရဘူး” ဟု စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။

စီးပွားရေးနယ်ပယ်တွင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ချန်နယ်နှင့် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ချန်နယ် နှစ်ခုရှိနေပြီး ခင်သီရိသက်မွန်၏ စီးပွားရေးချန်နယ်တွင် နိုင်ဖြိုးကျော်က အဓိက ဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန် တင်သွင်းနေသော MG Myanmar က မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ်ကားများနှင့် MG အမှတ်တံဆိပ်ကားများ တင်သွင်းနေရာတွင် ကားမိတ်ဆက်ပွဲများကို သရုပ်ဆောင် မင်းသား၊ မင်းသမီးများ ဖိတ်ကြား၍ ခြိမ့်ခြိမ့်သဲသဲ မကြာခဏဆိုသလို ကျင်းပလေ့ရှိကြောင်း သိရှိရသည်။

ထို့ပြင် မင်းအောင်လှိုင်သမီး ကုမ္ပဏီက မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်းသည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိထားပြီး မတ်လ ၄ ရက်နေ့ နေပြည်တော်တွင် EV Charging Station ကို ပထမဆုံး ဖွင့်လှစ်ခဲ့ကြောင်း ၊ ယင်းဖွင့်ပွဲ အခမ်းအနားသို့ နိုင်ဖြိုးကျော်နှင့်အတူ စစ်ကောင်စီဝန်ကြီးများအားလုံး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ လူယုံ နိုင်ဖြိုးကျော်သည် သရုပ်ဆောင် ဝတ်မှုရွှေရည်၏ ခင်ပွန်းဖြစ်ပြီး ၎င်းတို့ စီးပွားရေးအုပ်စုက ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီများကို နာမည်အမျိုးမျိုးဖြင့် ထောင်ကာ ရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်လျက်ရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်နှင့်သမီး ခင်သီရိသက်မွန်။
မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ စီးပွားဖက် ဝေမင်းမောင်(ခေါ်) ရွှေမန်း။
မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ စီးပွားဖက် နိုင်ဖြိုးကျော်။
နေပြည်တော်တွင် ပထမဆုံးသော လျှပ်စစ်ကား EV Charging Station ဖွင့်ပွဲတွင် တွေ့ရသည့် နိုင်ဖြိုးကျော်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article