မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဘန်ကာအတွင်း ကျရောက် ပေါက်ကွဲပြီး ရဲ ၈ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ဘန်ကာအတွင်း ကျရောက် ပေါက်ကွဲပြီး ရဲ ၈ ဦးသေဆုံးခဲ့ကြောင်း Sintkaing Revolution Force -SRF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ရဲစခန်းအတွင်းရှိ ဘန်ကာထဲ ကျရောက် ပေါက်ကွဲခဲ့ပြီး ရဲ ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Sintkaing Revolution Force – SRF ၊ စဥ့်ကိုင်မြို့နယ် ပကဖ ၊ ဒေါင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့ (MGN) ၊ MGN 35 ပြောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းနီ ပြောက်ကျားတပ်ဖွဲ့ ၊ ရဲခေါင် ပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။