မကွေးတိုင်းတွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ဗိုလ်အောင်ကျော်နေ့ အခမ်းအနား ကျင်းပ
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
မကွေးတိုင်း အညာဒေသတစ်နေရာတွင် ၈၅ နှစ် မြောက် ဗမာနိုင်ငံကျောင်းသားနေ့ (ဝါ) ဗိုလ်အောင်ကျော်နေ့ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဦး ဆောင်၍ ပြုလုပ်ခဲ့ကြပြီး ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားရဲဘော်များတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အသက်ပေးဆပ် တိုက်ပွဲဝင်ခဲ့ကြသည့် ခေတ်အဆက်ဆက်က ကျောင်းသားပြည်သူ ရဟန်းရှင်လူ အာဇာနည်အပေါင်းတို့ကို ဦးညွှတ်အလေးပြုခြင်း၊ကျောင်းသားထုတေးသံသီချင်းသီဆိုခြင်း၊ဗကသများအဖွဲ့ ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ကျောင်းသားနေ့နှင့် ပတ်သက်သည့် အမှာစကားပြောကြားခြင်းနှင့် ဗမာနိုင်ငံကျောင်းသားနေ့အထိမ်းအမှတ် ကဗျာရွတ်ဖတ်ခြင်းတို့လည်း ပြုလုပ်ခဲ့ကြသည်။။

