မန်တုံမြို့ရှိ ခလရ ၁၃၀ တပ်စခန်းကို TNLA က သိမ်းပိုက်ရရှိပြီး မန်တုံမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ရရှိပြီဟု ရှေ့တန်းသတင်းရင်းမြစ်တချို့ ပြောဆို၊ TNLA က တရားဝင် အတည်ပြု ထုတ်ပြန်ခြင်းမရှိသေး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ မန်တုံမြို့ ခလရ ၁၃၀ တပ်စခန်းကို ယမန်နေ့ညပိုင်းတွင် TNLA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီး မန်တုံမြို့နယ်ကို အပြီး သတ် သိမ်းပိုက်ရရှိပြီဆိုသော သတင်းများ ထွက်ပေါ်လာပြီး TNLA ဘက်ကမူ အဆိုပါ သတင်းကို အတည်ပြုထုတ်ပြန်ခြင်းမရှိသေးဘဲ ရန်ကုန်ခေတ်သစ်အနေဖြင့်လည်း TNLA ၏ အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။
မန်တုံမြို့နယ်ရှိ မန်တုံမြို့မရဲစခန်း၊ ပြည်သူ့စစ်စခန်း၊ စစ်တပ် စခန်းအားလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ခလရ ၁၃၀ တပ်စခန်းတစ်ခုတည်းသာ ကျန်ရှိခဲ့ကြောင်း၊ ယင်းစခန်းကိုလည်း တောက်လျှောက်ဆိုသလို TNLA က ထိုးစစ်ဆင်ခဲ့ကြောင်း၊ TNLA က ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ မန်တုံ မြိုရှိ စစ်ကောင်စီ ၏ “ခလရ ၁၃၀ တပ်စခန်း” ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ညပိုင်းတွင် ခလရ ၁၃၀ တပ်စခန်းကို TNLA က အပြီးသတ်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် TNLA ထံမှ အတည်ပြုချက် ရယူရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
“မန်တုံမှာက ခလရ ၁၃၀ တပ်စခန်း တစ်ခုတည်းပဲ ကျန်တော့တာ။ အဲဒါကိုတော့ မနေ့ညပိုင်းမှာ ရရှိပြီလို့ ချိတ်ဆက်ထားတဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တိုက်ခိုက်ရေးနဲ့ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတာဆိုတော့ TNLA ဘက်က တရားဝင် ထုတ်ပြန်မှ အတည်ပြုမှု ဖြစ်ပါလိမ့်မယ်” ဟု မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ချိတ်ဆက်မှုရှိနေသော PDF ရှေ့တန်းသတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီသတင်းရင်းမြစ်တချို့ကလည်း မန်တုံမြို့ရှိ ခလရ ၁၃၀ စခန်းကို စစ်ကောင်စီတပ်များက ဆုတ်ခွာလိုက်ရပြီဆိုသော သတင်းများ ယမန်နေ့ ညပိုင်းရရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စစ်ကောင်စီက တောက်လျှောက်ဆိုသလို တိုက်လေယာဉ်များဖြင့် မန်တုံမြို့အနီးတစ်၀ိုက်သို့ ၊ မန်တုံမြို့ရှိ မန်တုံရဲစခန်း၊ ပြည်သူ့စစ်စခန်း၊ လောက်ကျယ် အနီးတစ်၀ိုက်၊ နွားသတ်ကုန်း၊ ဒုက္ခသည်အနီးတဝိုက်နှင့် ပန်နင်ကျေးရွာလမ်းခွဲရှိ နေရာအများအပြား၊ မန်တုံမြို့နယ်အတွင်းတွင် ဗုံးကျဲတိုက်ခိုက်မှုများ စံချိန်တင် လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ကျေးရွာနှင့် ပြည်သူ့နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း သိရှိရသည်။