30 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တိုင်းရင်းသား လူမျိုးစုများနှင့် ဆက် ဆံရေးထူထောင်ရန် ထိုင်းအစိုးရကို ထိုင်းအောက်လွှတ်တော်က တိုက်တွန်း

Must read

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃

ထိုင်းနိုင်ငံ၊ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ အတွက် ထိုင်းအစိုးရ က ကူညီလုပ် ဆောင်ရမယ့် အချက် ၅ ချက်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ် အချိန်မှာ ထိုင်းနိုင်ငံ အောက် လွှတ်တော် နိုင်ငံခြားရေးကော်မတီ က မြန်မာအရေး နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအဖွဲ့ က လုပ်ဆောင်ရမယ့် အကြံပြုချက် ၅ ချက်ကို ပေးဖို့ခဲ့တာပါ။

အဲ့ဒီအချက် ၅ ချက်ထဲ မှာ ထိုင်းအစိုးရ အနေနဲ့ စစ်ကောင်စီ နဲ့ သီးသန့်ဆက်ဆံတာမျိုးမဟုတ်ဘဲ တော်လှန်ရေး အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ အမျိုးသား ညီ ညွတ်ရေး အစိုးရ နဲ့ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းတွေ နဲ့ ခေါင်းဆောင်တွေ နဲ့ ပါ ဆက်ဆံရေး ထူထောင်ဖို့ တိုက်တွန်း ထားတာဖြစ်ပါတယ်။

“အနာဂတ်မှာ နိုင်ငံရေးအခြေအနေတွေ ဘာဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ ဘက်တစ်ဖက်တည်းကိုပဲ မယူသင့်ဘူး။ ဘက်ပေါင်းစုံ အစုအဖွဲ့အားလုံးရဲ့ အသံတွေကို နားထောင်ရမယ်။ အားလုံးနဲ့ ဆက်သွယ်ထားရမယ်” လို့ ထိုင်း အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဌ မစ္စတာ နော်ပဒွန်ပတ္တမ Mr. Noppadon Pattama ပြောပါတယ်။

မြန်မာအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက ထဲထဲဝင်ဝင် လုပ်ဆောင်ပေးဖို့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက တိုက်တွန်းတဲ့ အချက်တွေကတော့-

၁ ။ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းကာ အာဆီယံ ဘုံသဘောတူညီချက်- ၅ ရပ် (ပဋိပက္ခအုပ်စုတွေ စေ့စပ်ညှိနှိုင်းကြဖို့နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေး အပါအဝင်) ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး စစ်ကောင်စီကို တွန်းအားပေးဆောင်ရွက်ရန်၊ မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ပူးပေါင်းကာ ပါတီအားလုံးပါဝင်မယ့် ရွေးကောက်ပွဲကျင်းပပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး လုပ်ဆောင်ပေးရန်။

၂။ ထိုင်းအစိုးရအနေနဲ့ မြန်မာ့ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်ဆံရေးထူထောင်နိုင်ဖို့ လမ်းကြောင်းများဖွင့်ထားရန် ၊ ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီကိုသာမက NUG နဲ့ လူမျိုးစုခေါင်းဆောင်အဖွဲ့အစည်းတွေကိုပါ အမြန်ဆုံးတွေ့ဆုံရန်၊ မြန်မာ့ပြည်တွင်းရေး ဝင်‌ရောက်စွက်ဖက်ခြင်းမရှိဘဲ အဆိုပါ အုပ်စု သုံးစုနဲ့ ဆက်သွယ်ချိတ်ဆက်ဖို့ ကြိုးပမ်းရန်။

၃။ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံက အဖွဲ့အားလုံးကို အကြမ်းဖက်မှုတွေ လျှော့ချပြီး တိုက်ပွဲတွေထက် ဆွေးနွေးညှိနှိုင်းရေးလုပ်ကြဖို့ အလေးအနက် တိုက်တွန်းရန်။

၄။ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) အောက်မှာ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်းက အခြေအနေကို အနီးကပ်စောင့်ကြပ်ကြည့်ရှုနိုင်မယ့် ယန္တရားတစ်ခု အရေးတကြီး ထူထောင်ရန်။

၅။ မြန်မာ ဒုက္ခသည်တွေကို ပိုမိုအကူအညီပေးရန် နှင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးရန် ၊ မြန်မာနိုင်ငံ က ဒုက္ခသည်တွေကို ထိုင်းအစိုးရ အနေနဲ့ လက်ခံထားပြီး ထိုင်းလူ့အဖွဲ့အစည်း အတွင်းမှာ လူ့ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်ရရှိစေရေးထိုင်းအစိုးရက လုပ်ဆောင်ပေးရန်၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ဒုက္ခသည်တွေ အမြန်ဆုံး တရားဝင် အလုပ်လုပ်ခွင့်ရရှိရေး အစီအမံတွေ ချမှတ်ထားရန် စတဲ့ အချက်တွေပါဝင်ပါတယ်။

မြန်မာ့ပြဿနာ ဖြေရှင်းရာမှာ အနီးဆုံး အိမ်နီးချင်း သုံးနိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့က ဦးဆောင် ပါဝင်သင့်ပါတယ် လို့ လည်း အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

“ ၁၉၈၄ ခုနှစ်ကစတင်ပြီး မြန်မာဒုက္ခသည် ၇၈၀၀၀ ခန့် ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။ အဆိုပါ ဒုက္ခသည်တွေဟာလည်း ထိုင်းလူ့အဖွဲ့အစည်း အတွင်းမှာ လူ့ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့် ရှိတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ ဒုက္ခသည်တွေ အမြန်ဆုံး တရားဝင် အလုပ်လုပ်ခွင့်ရရှိရေး အစီအမံတွေ ချထားသင့်ပါတယ်။” လို့ မစ္စတာ နော်ပဒွန်ပတ္တမ Mr. Noppadon Pattama ကဆိုပါတယ်။

ထိုင်းအောက်လွှတ်တော်ရဲ့ တိုက်တွန်း ချက် ၅ ချက်ကို ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ထိုင်းတော်ဝင် တပ်မတော် ၏ ကြည်းတပ် ၊ အမျိုးသား လုံခြုံရေး ကောင်စီနဲ့ NGO အဖွဲ့အစည်း The Border Consortium တို့ ထံပေးပို့သွားမယ်လို့သိရပါတယ်။

“မြန်မာဖြစ်ဖြစ် ထိုင်းဖြစ်ဖြစ် အခြား လာအို၊ ကမ္ဘောဒီးယား ဘာလူမျိုးတွေပဲ ဖြစ်ဖြစ်၊ ကျနော်တို့အားလုံးက အာဆီယံ သွေးရင်းသားတွေပါ။ ပြီးတော့ အားလုံးက လူသားတွေပါပဲ။ အိမ်နီးချင်းတွေ တိုးတက်ရင် ထိုင်းနိုင်ငံပါ တိုးတက်မယ်။ အိမ်နီးနားချင်းတွေ ကြီးပွားချမ်းသာရင် ထိုင်းနိုင်ငံလည်း စိတ်ချမ်းသာရမယ်။ လူသားချင်း စာနာထောက်ထားတဲ့ ရှုထောင့်ကနေ ကြည့်ရမယ်” လို့ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ က ပြောကြားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article