30 C
Yangon

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက PDF များ အကြမ်းဖက်သည်ဆိုသော GTTAC အစီရင်ခံစာထဲမှ မြန်မာနိုင်ငံအပိုင်းကို ပြန်လည် ဖြုတ်ချဖယ်ရှား

Must read

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက PDF များ အကြမ်းဖက်သည်ဆိုသော GTTAC အစီရင်ခံစာထဲမှ မြန်မာနိုင်ငံအပိုင်းကို ပြန်လည် ဖြုတ်ချဖယ်ရှား

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကြမ်းဖက်နေသည်ဆိုသော GTTAC အစီရင်ခံစာထဲမှ မြန်မာ နိုင်ငံ အကြောင်း ဖော်ပြထားမှုကို ၎င်းတို့၏ Website မှ ပြန်လည် ဖြုတ်ချ ဖယ်ရှားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းထုတ်ပြန်သည်။

“American State Department ရဲ့ Website မှာတင်ထားတဲ့ အကြမ်းဖက်မှု အစီရင်ခံစာထဲက မြန်မာနိုင်ငံအပိုင်းကို ဖယ်ရှားလိုက်ပါပြီ။ ဒီအစီရင်ခံစာထဲမှာ PDF နဲ့ တိုင်းရင်းသား LDF တချို့ကိုအကြမ်းဖက်အများဆုံးကျူးလွန်တယ်လို့ စွပ်စွဲဖော်ပြထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့အကြမ်းဖက်မှုကို မဖော်ပြခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် တရားဝင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကမ္ဘာ့လုံးဆိုင်ရာအကြမ်းဖက်မှု လေ့လာဆန်းစစ်ရေးစင်တာ (Global Terrorism Trends and Analysis Center-GTTAC)၏ ၂၀၂၂ ခုနှစ် အကြမ်းမှုဖက်နှင့်သက်ဆိုင်သည့် အညွှန်းကိန်းအစီရင်ခံစာတွင် မြန်မာနိုင်ငံပါဝင်ပြီး PDF နှင့် အခြားလက်နက်ကိုင်အဖွဲ့များက အကြမ်းဖက်နေကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ၃၉၁ ကြိမ်ရှိခဲ့ပြီး ယင်းအကြမ်းဖက်မှုများတွင် လူ ၂၁၃၀ သေဆုံးခဲ့ကာ ယင်းသေဆုံးမှုသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုကြောင့် စုစုပေါင်းထိခိုက် သေဆုံးသူ၏ ၁၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များအနက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လုပ်ဆောင်မှုသည် ၁၉၈ ကြိမ်ရှိပြီး အကြမ်းဖက်မှုအားလုံး၏ ၅၀ ရာခိုင်နှုန်းဖြစ်ကြောင်း GTTAC ကဖော်ပြခဲ့ခြင်းဖြစ်သည်။

GTTAC သည် ကမ္ဘာ့တစ်ဝန်း အကြမ်းဖက်မှုများကို ပုံမှန်စောင့်ကြည့်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်မှုတန် ပြန်တိုက်ဖျက်ရေးဗျူရိုသို့ နှစ်စဉ်အစဉ်ခံစာ တင်သွင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – GTTAC အစီရင်ခံစာတွင် PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြမ်းဖက်သည်ဟု ဖော်ပြထားပြီး စစ်တပ်အကြောင်း မဖော်ပြခဲ့သဖြင့် ယခုနောက်ဆုံးတွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပိုင်းကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article