မုံရွာမြို့နယ်တွင် ပြည်သူ ရာချီစုဝေးပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တိုက်ပွဲဆင်နွှဲ
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မုံရွာမြို့နယ် တစ်နေရာတွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဦးဆောင်ပြီး စစ်ကြောင်း နှစ်ခုဖြင့် ပြည်သူလူထုရာချီစုဝေး ချီတက်ခဲ့ကြကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် လူထုသပိတ်တိုက်ပွဲဆင်နွှဲခဲ့ကြသည်။
အဆိုပါလူထုသပိတ်တိုက်ပွဲသို့ အရာတော်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်များနှင့် ဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်များလည်း ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်။