36 C
Yangon

လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် နေ့စဉ် ရက် ဆက် ဗုံးကျဲပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေပြီး မြို့ပျက်ကြီးတစ်ခုဖြစ်လာ

Must read

လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် နေ့စဉ် ရက် ဆက် ဗုံးကျဲပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေပြီး မြို့ပျက်ကြီးတစ်ခုဖြစ်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က တိုက်လေ ယာဉ်များဖြင့် နေ့စဉ် ရက်ဆက် ဗုံးကျဲပစ်ခတ်တိုက် ခိုက် ဖျက်ဆီးနေသဖြင့် မြို့ပျက်ကြီးတစ်ခုဖြစ်လာနေကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လောက်ကိုင်မြို့ရှိ ကိုးကန့် MNDAA ထိန်းချုပ်ထားသည်ဟု ထင်မြင်သော နေရာမှန်သမျှကို စစ်တပ်က လက်နက်ကြီး၊ လေ​ကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး လောက်ကိုင်မြို့နယ်ဝန်းကျင်တွင် တိုက်ပွဲများ ပြန်လည် စတင်ဖြစ်ပွားကာ လောက်ကိုင်မြို့တွင်း၌ပင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်က မြို့ထဲဧရိယာကို နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

လောက်ကိုင်မြို့တွင်း၌ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကိုးကန့် MNDAA က နယ်မြေတချို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ယင်းနေရာများကို ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေသဖြင့် ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့ကြောင်း၊ လောက်ကိုင်မြို့သည် မြို့ပျက်ကြီးသဖွယ်ဖြစ်လာကြောင်း သိရှိရသည်။

” မနေ့ကနဲ့ ဒီနေ့မနက် လောက်ကိုင်မြို့ထဲက တိုက်ကိုးလုံးနားလေးကို စစ်တပ်က လေယာဥ်နဲ့ ရမ်းပစ်နေတာ ကိုး ကန့် တပ်တွေက ဒီဖက်ခြမ်းတွေထိသိမ်းလိုက်တာ စစိတပ်က သူတို့ စိတ်ထင်တဲ့ နေရာကိုပြစ်တော့ ဘေးပတ်ဝန်းကျင် ပေ ၁၀၀ ပတ်လည်လောက်က အဆောက်အဦးတွေလည်း အကုန်ပျက်ဆီးသွားတာ ဗုံးက အရမ်းပြင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က လောက်ကိုင်မြို့နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများကိုလည်း လုံး၀ ဖြတ်တောက်ထားကြောင်း၊ လောက်ကိုင်မြို့ထဲတွင် ဆက်လက်နေထိုင်သေးသည့် ပြည်သူတချို့ရှိနေသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article