25 C
Yangon

KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုနှင့် ဆောထိ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီး

Must read

KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုနှင့် ဆောထိ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်က အလှိုင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၅၃ မိနစ်တွင် ခလရ-၂၆၄ တပ်က ဖိုးတရွာနှင့် ရွာသာယာရွာ အကြားကို လက်နက်ကြီး ၁ လုံး၊ ည ၈ နာရီ ၅၆ မိနစ်တွင် အနားဘော်ကျေးရွာကို လက်နက်ကြီး ၁ လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တွင် ခလရ-၂၆၄ တပ်က ၈၁ မမ၊ ၁၂၀ မမနှင့် ၁၅၅ မမ လက်နက်ကြီးများဖြင့် ရေတွင်းကုန်းကျေးရွာကို ၉ လုံး၊ တောင်ခင်ကျေးရွာကို ၃ လုံး၊ ချုံအင်းကျေးရွာကို ၁ လုံးခပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးသည် တုံးတံတားကျေးရွာကို ဗုံး ၃ လုံး၊ ရွှေငါးဖြူလမ်းခွဲတွင်ဗုံး ၂ လုံး ကျဲချခဲ့ပြီး ပိန်းဇလုပ် အခြေစိုက်တပ်ရင်း ခလရ-၂၆၄ က ဟောင်ဝစ်ဇာလက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ ဒေသ ပြည်သူများလုပ်ကိုင် စားသောက်ရာ နေရာများနှင့် အင်းဗလာ ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၂ အရွယ် နော်ထီးဝါးဝါး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မူးမြို့နယ်၌ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ရွှေဝါတပ်ရင်း ခလရ-၃၀၇ တပ်ရင်းက သဖန်းပင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အသက် ၄၄ နှစ်အရွယ် တင်မျိုးအောင် ကျည်စထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article