နတ်သံကွင်းမြို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး အုန်းနှဲပင်စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်သား ၈ ဦးသေဆုံးကာ လက်နက် ၈ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ
ရန်ကုန်၊ ဒီဇင်ဘာလ ၂၇
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားပြီး အုန်းနှဲပင်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်သား ၈ ဦးသေဆုံးကာ လက်နက် ၈ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိကြောင်း အထူးကွန်မန်ဒိုတပ်ရင်း -တောင်းပိုင်း တိုင်း တပ်ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ကျောက်ကြီးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နှင့် နတ်သံ ကွင်းမြို့ကြားရှိ အုန်းနှဲပင်စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အ လောင်း ၈ လောင်း၊ သေနတ် ၈ လက် နှင့် ခဲယမ်း၊မိုင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ နတ်သံကွင်းမြို့ ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
“လောလောဆယ်တော့ ကျန်ရှိနေတဲ့ စစ်ခွေးတွေကို လိုက်လံရှင်းလင်းနေတုန်းပါပဲ” ဟု တောင်းပိုင်း အထူးကွန်ဒိုတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရိုးမ၂ စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နတ်သံကွင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး များစွာ ဖြင့် ဒေသနေပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ကလေးသူငယ်များအပါအဝင် ပြည် သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။
ယခုအခါ နတ်သံကွင်းမြို့ကို KNLA ဦး ဆောင် မှုဖြင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထား နိုင်ပြီဖြစ်ကြောင်း ရိုးမ စစ်ကြောင်း ၂ အထူး ကွန်မန်ဒိုတပ်ရင်းက ပြောဆိုထားသည်။