29 C
Yangon

မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာအတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာအတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်စားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဒီဇင်ဘာလ ၂၇ ရက် နံနက် ၉ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ ထိန်းပန်းကျေးရွာမှ အင်အား ၃၇ ဦးဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပျိုးကန်ကျေးရွာအရောက် ဘုန်းကြီး‌ ကျောင်း၌ စခန်းချကာ ရပ်နားနေစဉ် ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကုက္ကန်းကနေမှ ထိန်းပန်းရွာကို ဝင်တာ၊ထိန်ပန်းကနေ ပျိုးကန်ကိုဝင်တာ၊ ထိန်ပန်းကနေမှ မနက် ခင်း ၃ နာရီခွဲလောက်ကို ထွက်လာတာ၊ ပျိုးကန်ကိုတော့ ၆ နာရီခွဲလောက်ရောက်တာပေါ့၊ ကျနော် တို့က ၉ နာရီခွဲလောက်မှာ ဒရုန်းနဲ့ချတာ၊ အခုလက်ရှိတော့ ပျိုးကန်နဲ့ ကံဘဲ ၂ ခွဲထားပြီး နေရာယူ ထားတယ်၊ အခုတော့ ပျိုးကန်ရွာထဲမှာ မွှေနေတယ်၊ ပြည်သူတချို့၊တဝက်တော့ ရှောင်နေကြရ တယ်၊ ရှောင်ရတဲ့သူတွေကတော့‌‌ ရှောင်နေတယ်၊ တချို့တွေက အိမ်ထဲမှာ ကျန်နေခဲ့တုန်းပဲ” ဟု ဗိုလ် စားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်စားပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့်ဒေါင်းမင်းတမန်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article